
Last modified date

နေပြည်တော်တွင်ထားရှိမည့် မြန်မာနိုင်ငံတွင် အကြီးဆုံးနှင့်တန်ဖိုးအမြင့်ဆုံး ဗိုလ်ချုပ်မြင်းစီးကြေးသွန်းရုပ်တု ကြေးသွန်းလောင်းနေမှုမှာ လက်ရှိတွင် ၇၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

နေပြည်တော်တွင်ထားရှိမည့် မြန်မာ့အကြီးဆုံးဗိုလ်ချုပ်မြင်းစီးကြေးသွန်းရုပ်တု ၇၅ ရာခိုင်နှုန်း ပြီးစီး အဆိုပါဗိုလ်ချုပ်မြင်းစီးကြေးသွန်းရုပ်တုကို ကြေးတန်ချိန် ၇ တန်ဖြင့်သွန်းလောင်းပြုလုပ်မည်ဖြစ်ပြီး အမြင့် ၁၈ ပေ၊ ကြေးရုပ်ထားရှိမည့် အောက်ခံခုံမှာ ၁၅ ပေ x ၂၆ ပေ ရှိကာ နေပြည်တော်ရှိ သပြေကုန်းအ၀ိုင်းတွင် လာမည့် ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် ထားရှိဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော်တွင်ထားရှိမည့် မြန်မာ့အကြီးဆုံးဗိုလ်ချုပ်မြင်းစီးကြေးသွန်းရုပ်တု ၇၅ ရာခိုင်နှုန်း ပြီးစီး 

“ ဒီကြေးသွန်းလောင်းမှုတစ်ခုလုံးရဲ့တစ်ဝက်ရဲ့ကုန်ကျစရိတ်ကို မြန်မာနိုင်ငံကန်ထရိုက်တာများအသင်းကနေ ငွေကျပ်သိန်း ၁၂၅၀ လှူဒါန်းမယ်လို့ ကတိပြုထားတယ်။ အခုက ငွေကျပ်သိန်း ၈၅၀ လောက်ရထားတယ်။ နောက်ထပ်သိန်း ၅၀ ထပ်လှူမယ်လို့သိရပါတယ်။ ဒီနေ့အရဆိုရင် ငွေကျပ်သိန်း ၁၀၀၀ ကျော်လောက်အထိ ရရှိပြီလို့ ပြောလို့ရပါတယ်” ဟု နေပြည်တော်စည်ပင်သာယာရေးကော်မတီမှကော်မတီဝင် ဦးမင်းသူက ပြောသည်။

လက်ရှိကြေးသွန်းလောင်းမှုမှာ နောက်ဆုံးအဆင့်ရောက်ရှိနေပြီး ၇၅ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကြောင်း ၄င်းထံမှ သိရသည်။နေပြည်တော်တွင် ဗိုလ်ချုပ်အောင်ဆန်းပုံတူကြေးသွန်းမြင်းစီးရုပ်တုကို ၁၉၆၂ ခုနှစ်၊ သမိုင်းဝင်ပုဂ္ဂိုလ်များ၏ ရုပ်တုဥပဒေနှင့်အညီအဆင့်ဆင့်တင်ပြကာ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့၏ ခွင့်ပြုချက်ဖြင့် တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။

Credit-အကုန်သိ

Facebook Comments

Admin