သူငယ်ချင်းဖြစ်သူ ဖြိုးပြည့်စုံရဲ့ ဆေးစစ်ချက်အဖြေကိုစောင့်ပေးဖို့ အားလုံးကို မေတ္တာရပ်ခံလိုက်တဲ့ နီနီခင်ဇော်

Last modified date

လတ်တလော လူမှုကွန်ယက်မှာ နာမည်ကြီးနေတဲ့ အဆိုတော် ဖြိုးပြည့်စုံရဲ့သတင်းကြောင့် ပရိသတ်တွေရော အနုပညာရှင်အချင်းချင်းကပါ အရမ်းကို စိတ်မကောင်းဖြစ်နေကြရတာပါ။ ရင်းနှီးတဲ့ သူငယ်ချင်းတွေကလည်း ဖြိုးပြည့်စုံရဲ့အကြောင်းကို သေချာသိနေကြတာမို့ မယုံနိုင်ဖြစ်နေကြတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဖြိုးပြည့်စုံရဲ့သူငယ်ချင်းတစ်ဦးဖြစ်တဲ့ နီနီခင်ဇော်က သူငယ်ချင်း ဖြိုးပြည့်စုံအတွက် တိကျတဲ့ ဆေးစစ်ချက်တွေ ထွက်လာတဲ့အထိ စောင့်ပေးကြဖို့ အားလုံးကို မေတ္တာရပ်ခံလိုက်တာ တွေ့ရပါတယ်။ အခုလို အခက်အခဲကြုံတွေ့နေရတဲ့အချိန်မှာ သူငယ်ချင်းအတွက် ရှေ့ကနေ ရပ်တည်ပေးတဲ့ နီနီခင်ဇော်ကတော့ သူငယ်ချင်းကောင်း ပီသပါတယ်နော်။

ချစ်ပရိသတ်တွေအတွက် သူငယ်ချင်းလို အကိုလို ခင်ရတဲ့ ဖြိုးပြည့်စုံအတွက် ပရိသတ်တွေကို မေတ္တာရပ်ခံလိုက်တဲ့ နီနီခင်ဇော်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

နီနီခင်ဇော်ကတော့ “ကိုဖြိုးကို စိတ်ပူပေးကြတဲ့သူများ အားလုံး ခဏအချိန်ကလေး စောင့်ပြီး တိကျတဲ့ ဆေးစစ်ချက်အဖြေတွေထွက်လာတဲ့အထိ စောင့်ပေးကြဖို့ မေတ္တာရပ်ခံပါရစေ အမှန်တရားကိုစောင့်နေပါတယ် အကို့ကိုယုံကြည်ရင်း အကောင်းဆုံး ဆုတောင်းပေးပါ ?WestandwithPPS ” ဆိုပြီး ဖြိုးပြည့်စုံဘက်က အပြည့်အဝရပ်တည်ပေးနေတဲ့အကြောင်းနဲ့ ဆေးစစ်ချက်အဖြေ တိတိကျကျ ထွက်လာတဲ့အထိ စောင့်ကြဖို့ ပြောထားတာပါ။

အဆိုတော် ဖြိုးပြည့်စုံနဲ့ နီနီခင်ဇော်တို့နှစ်ဦးကတော့ Melody World အဆိုတော်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ပြီး နာမည်ကြီးလာကြတာချင်းတူတဲ့ အနုပညာမောင်နှမနှစ်ယောက်ပဲ ဖြစ်ပါတယ်။

ချစ်ပရိသတ်တွေလည်း အမှန်တရားအမြန်ဆုံးပေါ်ပေါက်ပြီး အဆိုတော် ဖြိုးပြည့်စုံတစ်ယောက် အမြန်ဆုံး အပြစ်ကင်းကြောင်း ပြသနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ကြပါဦးနော်။

Credit-မိုမိုလေး

Facebook Comments

Admin