ထီဝါသနားရှင်များ သတိပြုဖွယ် ထီဆိုင်ပိုင်ရှင်က သိန်းတစ်ထောင်တန်ထီလက်မှတ်မောင်ပိုင်စီးမှု ဖြစ်ပွား

Last modified date

ပြီးခဲ့တဲ့ (၈)ကြိမ်မြောက် အောင်ဘာလေထီဆုမှာ ကခ-၁၂၃၅၉၃ ဆိုတဲ့ နံပါတ်နဲ့ ကျပ်သိန်းတစ် ထောင်ဆုပါရှိခဲ့ပါတယ် အဆိုပါ သိန်းတစ်ထောင်တန် ထီလက်မှတ်နဲ့ ပတ်သက်ပြီး ထီထိုးသူနဲ့ ထီရောင်းသူကြား အငြင်းပွားမှုတွေ ဖြစ်ပေါ်နေတာ ပရိသတ်ကြီးတို့လည်း သတင်းတွေ ဖတ်ပြီး သိကြမယ် ထင်ပါတယ် ထီပေါက်သူကတော့ မဇင်ဇင်ဖြစ်ပေမဲ့ ထီလက်မှတ်ကို ထီရောင်းသူက မပေးတာကြောင့် အငြင်းပွားမှုတွေ ဖြစ်နေတာဖြစ်ပြီးတော့ ယခုအခါမှာတော့ ထီဆိုင်ပိုင်ရှင်ကို လိမ်လည်မှုနဲ့ အမှုဖွင့်ထားလိုက်ပြီ ဖြစ်ပါတယ်

Image may contain: 1 person, standing, tree and outdoor

ဖြစ်စဉ်ကတော့ မန္တလေးမှာနေတဲ့ မဇင်ဇင်က သူငယ်ချင်းဖြစ်တဲ့ ထီကိုယ်စားလှယ် မစန်းအိခိုင်ထံမှာ ထီထိုးခဲ့ပါတယ်.… ဒါပေမဲ့ သူလိုချင်တဲ့ ထီလက်မှတ်မရှိတာကြောင့် သူငယ်ချင်းဖြစ်သူက တခြား အရောင်းကိုယ်စားလှယ်ဆိုင်ဖြစ်တဲ့ မင်းကွန်းတိုက်နယ် မြသိန်း တန်စေတီအနီးက ဒေါ်မို့မို့တင်ဆိုင်ရဲ့ ဆိုင်ကို ဖုန်းဆက်ပြီး မှာယူပေးခဲ့ပါတယ် ထီလက်မှတ်ရိုက်ထားတဲ့ ပုံကို မတ်ဆင်ဂျာကနေပို့ ပေးတဲ့အခါကျတော့ လိုချင်တဲ့နံပတ်ဖြစ်နေတာကြောင့် ထီထိုးဖြစ်ခဲ့တယ်လို့ သိရပါတယ် မဇင်ဇင်လည်း ထီလက်မှတ်မရသေးပေမဲ့ ၃၀ ရက်နေ့မှာ ထီလက်မှတ်ဖိုးငွေချေပေးခဲ့ပါတယ် မဇင်ဇင်ရဲ့ သူငယ်ချင်းဖြစ်သူ မစန်းအိခိုင်က ထီလက်မှတ်ကို သွားယူတဲ့အခါမှာတော့ ထီဆိုင်ရှင်က မအားသေးလို့ဆိုပြီး လက်မှတ်မပေးသေးတာကြောင့် ထီဖိုးပေးပြီး ပြန်လာခဲ့ရတယ်လို့ ဆိုပါတယ်

No photo description available.အဲဒီနောက်မှာတော့ အဆိုပါ ထီလက်မှတ်ကနေ သိန်း တစ်ထောင်ဆုပေါက်ခဲ့တာဖြစ်ပြီး ထီဆိုင်ပိုင်ရှင်ထံကနေ ထီလက်မှတ်တောင်းရာမှာတော့ အလွယ်တကူပေးလို့ မရဘူး အကျိုးခံစားခွင့်တွေဘာရှိလဲ မေးရအုံးမယ် သူနဲ့ သိန်း ၅ ရာစီ ခွဲယူရင်လည်း ရတယ်လို့ ထီဆိုင်ပိုင်ရှင်ရဲ့ အစ်မဖြစ်တဲ့ ဒေါ်မီမီတင်ဆိုင်က ပြန်လည်ပြောဆိုခဲ့ပါတယ်ဒါ့အပြင် သက်ဆိုင်ရာ ရပ်ကွက်လူကြီးတွေနဲ့ လူချင်းတွေ့ဆုံ ညှိနှိုင်းခဲ့ပေမဲ့လည်း ထီဆိုင်ပိုင်ရှင်ရဲ့ အစ်မက ထီလက်မှတ်ကို မပေးနိုင်ကြောင်းသာ ငြင်းခဲ့ပါတယ် ဒါကြောင့် ထီထိုးသူ မဇင်ဇင်ကနေ တရားလိုပြုလုပ်ပြီးတော့ မင်းကွန်းတိုက်နယ် ရဲစခန်းမှာ လိမ်လည်မှုဖြင့် အမှုဖွင့်ခဲ့တာပဲဖြစ်ပါတယ်

Image may contain: 1 person, sitting

အောင်ဘာလေသိန်းဆုဌာနခွဲ(ရန်ကုန်)က ညွှန်မှူးဦးကျော်သန့်လွင်က ဆိုရာမှာတော့ ထီလက်မှတ်တင်ပြသူကိုပဲ ဆုငွေထုတ်ပေးရမယ်လို့ စည်းကမ်းချက်ရှိပြီးတော့ ပြင်ပက အငြင်းပွားမှုတွေကို ဌာနအနေနဲ့ လုပ်ပိုင်ခွင့်မရှိဘဲ ရဲစခန်းမှာသာ ဖြေရှင်းရမှာ ဖြစ်တယ်လို့ သိရပါတယ် ဒီလိုပြဿနာတွေရှိလို့ ထီလက်မှတ်မှာ စည်းကမ်းချက်တွေ ထည့်ထားတာဖြစ်ပြီး ဌာနအနေနဲ့ လုပ်ပေးနိုင်တာကတော့ ထီလက်မှတ်က အစစ်ဖြစ်ကြောင်းနဲ့ လက်မှတ်တင်ပြပြီး ထုတ်ယူပြီးစီးသွားပြီဆိုတာကိုသာ တရားရုံးမှာ သက်သေထွက်ပေးလို့ ရကြောင်း သာ သိရပါတယ်

ပရိသတ်ကြီးတို့လည်း ထီလက်မှတ်ရဲ့ နောက်ကျောကို လှန်ကြည့်မယ်ဆိုရင် သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကို တွေ့ရမှာ ဖြစ်ပါတယ် အဲဒီစည်းကမ်းချက်တွေထဲမှာ နံပါတ် ၁ မှာ ဖော်ပြထားတာကတော့ ဆုရလက်မှတ်တင်ပြနိုင်မှသာလျင် ဆုငွေထုတ်ယူခွင့်ရှိပါသည် လို့ ဖော်ပြထားတာပဲ ဖြစ်ပါတယ် ဒါကြောင့် ဒီအမှုဟာ ဘယ်လိုဆက်ဖြစ်မယ်ဆိုတာ မသိရသေးပေမဲ့ အမှန်တရားကို နတ်စောင့်မှာပါလို့ ယုံကြည်ပါတယ် ပရိသတ်ကြီးတို့ရော ဘယ်လိုထင်လည်းပြောခဲ့အုံးနော်

Credit-Search Myanmar

Facebook Comments

Admin