ဖြိုးပြည့်စုံနဲ့အတူ အဖမ်းခံရတဲ့ လေးဘာသာဂုဏ်ထူး ရှင် ညီလေး ငြိမ်းချမ်းကို ဆိုတာ

လတ်တလော လူမှုကွန်ရက်အပါအဝင် သတင်းမီဒီယာတွေမှာ ရေပန်းစားသွားတဲ့ အကြောင်းအရာတစ်ခုကတော့ အဆိုတော် ဖြိုးပြည့်စုံ နဲ့ လူငယ်လေးနှစ်ဦးကို မူးယစ်ဆေးဝါးသံသယရှိမှုနဲ့ လူမြင်ကွင်း မြန်မာပလာဇာမှာ လက်ထိပ်ခပ် ဖမ်းဆီးသွားခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မူးယစ်ဆေးပြားလို့ ယူဆရတဲ့ အပြား ၁၁ ပြားကို သိမ်းဆည်းရမိခဲ့ပြီး ဒါဟာ မူးယစ်ဆေး ဟုတ်မဟုတ်ကိုတော့ ဓာတုဗေဒဆေးစစ်ချက်တွေရမှသာ အတည်ပြုနိုင်မှာပဲ ဖြစ်ပါတယ်။

ဒီအထဲမှာ သရုပ်ဆောင် ဖြိုးပြည့်စုံနဲ့ အတူ အဖမ်းခံလိုက်ရတဲ့ လူငယ်နှစ်ဦးအနက် တစ်ဦးကတော့ ကို ငြိမ်းချမ်းဖြစ်တယ်လို့ သိရပြီးတော့ ၊ သူဟာ လေးဘာသာ ဂုဏ်ထူးရှင် ဖြစ်သလို ၊ ဆေးလိပ်ပင် မသောက်တတ်သူဖြစ်တယ်လို့လည်း နီးစပ်ရာ အသိုင်းအဝိုင်းတွေက ပြောဆိုကြပါတယ်။ အထူးသဖြင့် ဖြိုးပြည့်စုံနဲ့ အတူတွဲသွားလာပြီး သီချင်းရေး ဂီတအလုပ်တွေ လုပ်နေတာကို မနာလိုသူတွေက အခုလိုပဲ တမင်အကွက်ဆင် ချောက်တွန်းခဲ့တာဖြစ်တယ်လို့ ပြောဆိုမှုတွေလည်း ရှိနေပြန်ပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ကတော့ မူးယစ်ဆေးဝါး သံသယရှိမှုနဲ့ စစ်ဆေးထားပြီးဆေးစစ်ချက် အတည်မပြုနိုင်သေးခင်အထိတော့ အမှုဟာ တရားစွဲဆိုင်နိုင်ဦးမှာ မဟုတ်ဘူးလို့ ကျွမ်းကျင်သူတွေက ပြောဆိုကြပါတယ်။ ဒါကြောင့် လက်ရှိမှာတော့ ပရိသတ်နဲ့ တကွ ၊ အနုပညာအသိုင်းအဝိုင်းကလည်း ဖြိုးပြည့်စုံ နဲ့ လူငယ်လေးနှစ်ဦးအတွက် ဆုတောင်းပေးလျှက်ရှိနေကြပါတယ်။

Credit-စွယ်စုံ

Facebook Comments