ဗစ်တိုးရီးယားလေး၏ ၈ ကြိမ်မြောက်ရုံးချိန်းတွင် Wisdom Hill ကျောင်း၏ ကျောင်းကြီးကြပ်ရေးမှူးဖြစ်သူ ဒေါ်ဥမ္မာလှိုင် ၏ အမျိုးသားဖြစ်သူ ရဲအုပ်ရန်နောင်စိုးနှင့် ကလေးငယ်လေး၏ ကျောင်းကား မောင်းသည့် ယာဉ်မောင်းဝန်ထမ်း ၂ ဦးကို ယနေ့ တွင် နှစ်ဖက်ရှေ့နေများက အပြန်အလှန်စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကပြောသည်။

Image may contain: text

ထိုသို့ စစ်ဆေးမေးမြန်းမှာပြီးပါက အချိန်များရရှိပါကလည်း ကျောင်းမှ CCTV တာဝန်ခံကိုလည်း စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။

တရားခံဟုယူဆထားသူ ယာဉ်မောင်းအောင်ကြီးအတွက်လည်း ယနေ့ တရားခွင် စစ်ဆေးမှုအခြေအနေ စစ်ဆေးမှုပေါ်မူတည်၍ အာမခံ ရရှိနိုင်ရေးအတွက် နှုတ်ဖြင့်စာဖြင့် လျှောက်ထားမှုများ လုပ်ဆောင်ထားသွားမည် ဖြစ်ကြောင်း ဦးခင်မောင်ဇော်ကပြောသည်။

Credit-MON

Facebook Comments