နေပြည်တော် Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းက အသက် ၃ နှစ် အရွယ် ကလေးတစ်ဦး လိင်အဓမ္မပြုကျင့်ခံခဲ့ရတယ် ဆိုတဲ့ ဗစ်တိုးရီးယားအမှုရဲ့ ၈ ကြိမ်မြောက် ရုံးချိန်းကို အောက်တိုဘာ လ ၉ ရက်နေ့ ဒီနေ့ မနက်ပိုင်းမှာ နေပြည်တော် ဒက္ခိဏ ခရိုင်တရားရုံးမှာ ဆက်လက် စစ်ဆေးရာမှာ သံသယ တရားခံ အဖြစ် ရုံးတင် စစ်ဆေးခံနေရတဲ့ ကိုအောင်ကြီးကို အာမခံပေးဖို့ ပြီးခဲ့တဲ့ ရုံးချိန်းက သူ့ရဲ့ ရှေ့နေဘက်က တင်ပြထားတာကို ပလပ်ပေးဖို့ ဒီနေ့ တရားခွင်မှာ ဥပဒေအရာရှိက လျှောက်လဲခဲ့ပါတယ်။

Image result for ဗစ်တိုးရီးယား

Related image

အမှုကို စစ်ဆေးနေတာ မပြီးတဲ့ အချိန် သံသယ တရားခံကို အာမခံပေးဖို့ စောနေသေးတယ်လို့ ဥပဒေ အရာရှိက မှတ်ချက်ပြုပြီး တရားခံ တင်တဲ့ အာမခံကို ပလပ်ဖို့ တင်ပြခဲ့တာလို့ တရားခွင်ကို ကိုယ်တိုင် နားထောင် သတင်းယူနေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။ကိုအောင်ကြီးဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေကနေ ဦးခင်မောင်ဇော်ကတော့ ဗစ်တိုးရီးယားအမှု စစ်ဆေးခဲ့ရာမှာ အရေးပါတဲ့ သက်သေ ၆ ဦးကို စစ်ဆေးပြီးချိန်အထိ ကိုအောင်ကြီး ဖြစ်ကြောင်း သက်သေ ထင်ရှား မပြနိုင်သေးလို့ သံသယ အကျိုးကို ခံစားခွင့်ပေးပြီး အာမခံ ပေးဖို့ ဒီနေ့ တရားခွင်မှာ လျှောက်ထားခဲ့ပါတယ်။

Image result for ဗစ်တိုးရီးယား

Related image

ကိုအောင်ကြီးရဲ့ အာမခံ အတွက် တရားခံ ရှေ့နေ နဲ့ အစိုးရ ရှေ့နေ ဥပဒေ အရာရှိ တို့ ရဲ့ နှစ်ဖက် လျှောက်လဲ ချက်ကို တရားရုံးက ကြားနာခဲ့ပြီး တစ်စုံတစ်ရာ အမိန့်ချတော့မျိုးတော့ ဒီနေ့ တရားခွင်မှာ မပြုလုပ်ခဲ့ပါဘူး။ဒီနေ့ ရုံးချိန်းမှာ Wisdom Hill ပုဂ္ဂလိက ကျောင်းရဲ့ မူကြိုကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်ရဲ့ ခင်ပွန်း ဖြစ်သူ ရဲအုပ် ရန်နောင်စိုးနဲ့ ကျောင်း ကြို/ပို့ ယာဉ် ဖယ်ရီကား မောင်းသူ နှစ်ဦးက တရားခွင်မှာ သက်သေ အဖြစ် ထွက်ဆိုခဲ့ပါတယ်။နေပြည်တော် သပြေကုန်းက Wisdom Hill ပုဂ္ဂလိက ကျောင်းက မူကြိုကျောင်းသူ ကလေးငယ် လိင်အဓမ္မပြုကျင့်ခံခဲ့ရတယ် ဆိုတဲ့ အမှု အတွက် မူကြို ကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်ရဲ့ကိုယ်ပိုင် ဝန်ထမ်း ကားမောင်းဆရာ ဖြစ်သူ ကိုအောင်ကျော်မျိုး (ခေါ်) ကိုအောင်ကြီးကို သံသယတရားခံအဖြစ် ရုံးတင်စစ်ဆေးနေတာပါ။ ပြီးခဲ့တဲ့ မေလလယ်မှာ ဖြစ်ခဲ့တဲ့ ဒီအမှုအတွက် ကိုအောင်ကြီးကို ရဲတပ်ဖွဲ့ က ပထမ အကြိမ် ဖမ်းဆီး စစ်ဆေးခဲ့ပြီး ရုံးတင် တရားစွဲဆို ဖို့ သက်သေမလုံလောက်ဘူး ဆိုပြီး ဇွန်လထဲမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် ဇူလိုင်လထဲမှာ ကိုအောင်ကြီးကို ထပ်မံဖမ်းဆီးပြီး သံသယ တရားခံအဖြစ် ရုံးတင် စစ်ဆေးနေတာ ဖြစ်ပါတယ်။

Image result for ဗစ်တိုးရီးယား

Related image

လူအများ စိတ်ဝင်စားမှု အမြင့်ဆုံး ရှိနေတဲ့ ဒီအမှုမှာ ရဲတပ်ဖွဲ့နဲ့ ဥပဒေရုံးက စစ်ဆေးဆောင်ရွက်ချက်တွေ အပေါ် ပြည်သူလူထုကြား မေးခွန်းထုတ်မှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါ့အပြင် ပြစ်မှု ကျူးလွန်ခံခဲ့ရတဲ့ ကလေးငယ်နဲ့ မိသားစု အပါအဝင် အရေးကြီး သက်သေတချို့ တရားခွင်မှာ သက်သေထွက်ပြီးနောက်ပိုင်းမှာလည်း နှစ်ဖက် ရှေ့နေတွေရဲ့ မီဒီယာဖြေကြားချက် တချို့က မိသားစုဂုဏ်သိက္ခာ ညှိုးနွမ်းစေပြီး ကလေးသူငယ် ထိခိုက် နစ်နာစေတဲ့အတွက် မူကြိုကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်ဘက်က နှစ်ဖက် ရှေ့နေတွေနဲ့ ကာယကံရှင် ဗစ်တိုးရီးယားရဲ့ မိသားစုဝင်တွေကိုပါ ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားထားတဲ့ ဖြစ်စဉ်တွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

Credit-ဘီဘီစီ

Facebook Comments