မြောင်းမြမြို့နယ်တွင် အသက် ၁၄ နှစ်အရွယ် ခယ်မ(၆)တန်းကျောင်းသူလေးအား ခဲအိုလုပ်သူက သားမယားပြုကျင့်
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်၊ဂတ်စုကျေးရွာတွင် အောက်တိုဘာ ၉ ရက်က မိဘများမှ ၎င်းတို့မရှိခိုက် ၆ တန်းကျောင်းသူ အသက် ၁၄ အရွယ်ရှိ မိန်းကလေးငယ်ကို ကျောင်းတက်ဖို့ အတွက်အစ်မဖြစ်သူ မမာမာလွင် အိမ်ကိုပို့ထားစဉ် မမာမာ လွင်မရှိခိုက် ပြန်ပြောရင် သတ်ပစ်မည် ဟုဆိုကာ ခြိမ်းခြောက်၍ ၁၅ ကြိမ်ခန့် အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း မိဘများကို ပြောပြခြင်းဖြစ်ကြောင်း သိရှိရသည်။
အဓမ္မပြုကျင့်သူ အမျိုးသားမှာ အဓမ္မပြုကျင့်ခံရသူ၏အစ်မ မမာမာလွင်၏အမျိုးသား ဖိုးသား(ခ)မင်းဦး(၃၆)နှစ်ဖြစ်ပြီး အဓမ္မပြုကျင့်ခံရသူမှာ အဆိပ်သောက်မည်ဟုဆိုကာ ကြံရွယ်စဉ် မိဘများမှမေးမြန်သဖြင့် ခယ်အိုဖြစ်သူမှ အစ်မမရှိချိန် အဓမ္မပြုကျင့်တာဖြစ်သည်ဟု ပြောပြခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မိန်းကလေးငယ်၏ မိဘများမှ တိုင်ကြားချက်အရ မြောင်းမြမြို့မရဲစခန်းတွင် ဖိုးသား(ခ)မင်းဦး(၃၆)နှစ်အား ၉.၁၀.၂၀၁၉ရက်နေ့တွင် (ပ)၇၈၁/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် ဖမ်းဆီးအမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။
Credit-MON