ဖြိုးပြည့်စုံ တို့နဲ့အတူ ရွှေတိဂုံ ဘုရားကို သွားပြီး ကုသိုလ်ယူခဲ့တဲ့ ဒါရိုက်တာ ကြည်ဖြူသျှင်

Last modified date

ဒါရိုက်တာ ကြည်ဖြူရှင် ဟာဆိုရင် ရုပ်ရှင်နဲ့ ဗွီဒီယို ဇာတ်ကားများစွာကို ဖန်တီးပြီး ပရိသတ်တွေ အားပေးမှုများစွာ ရရှိထားတဲ့ သူပါ။ သူ့ရဲ့ပြောင်မြောက်တဲ့ အနုပညာရိုက်ချက်တွေကြောင့်လည်း ဇာတ်ကားကောင်းများစွာကို ပရိသတ်တွေ ကြည့်ခွင့်ရနေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ချစ်ပရိသတ်တွေအတွက် ဒါရိုက်တာ ကြည်ဖြူရှင်က မူးယစ်ဆေးဝါးမှု့နဲ့ မှားယွင်းဖမ်းဆီးခံခဲ့ရာမှာ လွတ်မြောက်လာတဲ့ အဆိုတော် ဖြိုးပြည့်စုံတို့နဲ့ ဘုရားသွားတဲ့ ပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဒါရိုက်တာ ကြည်ဖြူသျှင် က “ရွှေတိဂုံစေတီတော် ရောက်၊ကျွန်မတို့အနုပညာမောင်နှမများ၊အတိတ်ကံကို၊ပစ္စုပ္ပန်ကံတရားက ၊ အနိုင်ယူလိုက်ပါပြီမြန်မာနိုင်ငံသားအားလုံး၊စိတ်ချမ်းသာ၊ကိုယ်ကျန်းမာကြပါစေ……ကမ္ဘာပေါ်တွင်အမှန်တရား၊ အမြဲလွှမ်းမိုးပါစေ…..”ဆိုပြီးပြောထားပါတယ်။

ဖြိုးပြည့်စုံ နဲ့ သူငယ်ချင်း နှစ်ယောက်တို့က ၉.၁၀. ၂၀၁၉ မှာ မှားယွင်းဖမ်းဆီခံခဲ့ရာမှ လွတ်မြောက်ခဲ့တာကြောင့် ပရိသတ်များနဲ့ အနုပညာရှင်များ က အရမ်းကို ၀မ်းသာပျော်ရွှင်နေကြတာပါ။ ဒီနေ့မနက်မှာတော့ ဒါရိုက်တာ ကြည်ဖြူသျှင် နဲ့အတူ ရွှေတိဂုံဘုရားကို သွားပြီး ကုသိုလ် ယူခဲ့တာပဲ ဖြစ်ပါတယ်။

ဘုရားသွားခဲ့ကြတဲ့ ဖြိုးပြည့်စုံ တို့သုံးယောက်နဲ့ ဒါရိုက်တာ ကြည်ဖြူသျှင်

ဖြိုးပြည့်စုံ တို့နဲ့ အတူဘုရားသွားခဲ့တဲ့ ကြည်ဖြူသျှင် ရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။ ကြည့်ရှုပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Credit-မိုမိုလေး

Facebook Comments

Admin