ချစ်သူသက်တမ်း တစ်နှစ်ပြည့်မှာ ချစ်သူလေးကို Surprise လုပ်ပြီး ကားလက်ဆောင်ပေးခဲ့တဲ့ ကောင်းထက်ဇော်

နိုင်ငံကျော် အစီအစဉ်တင်ဆက်သူတစ်ဦးဖြစ်တဲ့ ကောင်းထက်ဇော် က Forever Group မှ စီစဉ်ထုတ်လွှင့်တဲ့ MRTV- 4, Channel 7 အစရှိတဲ့ free to air ရုပ်သံလိုင်းတွေမှာ အစီအစဉ် တင်ဆက်သူအဖြစ် လုပ်ကိုင် ဆောင်ရွက် နေသူဖြစ်ပါ တယ်။ သူက အစီအစဉ်ကြေညာသူဖြစ်နေပေမယ့် လဲ ယခုနောက်ပိုင်းမှာဆိုရင်ကြော်ငြာတွေမှာပါ ပါဝင်သရုပ်ဆောင် လာခဲ့ပြီဘဲ ဖြစ်ပါတယ်။

ကောင်းထက်ဇော်ဟာ ပရိသတ်တွေ အံ့သြသွားစေမယ့် လုပ်ဆောင်ချက်တစ်ခုကို လုပ်ပြလိုက်ပါတယ်။ အလုပ်တွေနဲ့ မနားရလောက်အောင် ဖြစ်နေတဲ့ သူက အရမ်းချောတဲ့ ချစ်သူလေးတစ်ယောက်ရှိနေပါပြီ။ သူ့ချစ်သူလေးက တိုင်းရင်းသူလေးဖြစ်ပြီး အရမ်းကိုချစ်စရာကောင်းပါတယ်။

ဒီကနေ့ကတော့ ကောင်းထက်ဇော်တို့ချစ်သူနှစ်ဦးရဲ့ ချစ်သူသက်တမ်း တစ်နှစ်ပြည့်နေ့လေးပဲဖြစ်ပါတယ်။ ချစ်သူသက်တမ်း တစ်နှစ်ပြည့်မှာ ချစ်သူကို Surprise လုပ်ပြီး ကားလက်ဆောင်ပေးခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် ချစ်သူကို Surprise လုပ်ပေးခဲ့တဲ့ ကောင်းထက်ဇော်ရဲ့ ဗီဒီယိုဖိုင်လေးကိုဖော်ပြပေးလိုက်ပါတယ်နော်။

Video ကြည့်ရန်

Credit-စွယ်စုံ

Facebook Comments