ဖြိုးပြည့်စုံ လွတ်မြောက်မှုအတွက် ချီးကျူးရမယ့်သူ တဦး

Last modified date

ဗဟန်းရဲမှူးကလည်း မှန်ကန် ဖြောင့်မတ်တဲ့အထဲ ပါတယ်ဗျ။ မူးယစ်ဆေးဝါး မဟုတ်ဘူးလို့ သူယူဆတယ်။ ဒါပေမယ့် မူးယစ်အထူးက ဖမ်းလာတာ ဖြစ်တော့ သူ့တာဝန်က (၁) အမှုဖွင့်ပေးရမယ်။ (၂) ရမန်ယူပေးရမယ်။ (၃) မူးယစ်ဆေးဝါး ဟုတ်မဟုတ် သူ့သဘောနဲ့သူ ဆုံးဖြတ်ခွင့်မရှိဘူး ဟုတ်မဟုတ် အတည်ပြုဖို့ ဓါတုဗေဒ စစ်ဆေးချက် တောင်းရမယ်။

အထက်က အချက်တွေ သူက သေချာစွာလုပ်တယ်။ အဖြေက No. ဆို ထွက်လာတဲ့အခါ ဥပဒေအရာရှိဆီ တင်ပြီး အကြံတောင်းတယ်။ လွှတ်လိုက်တယ်။ သူ့ကိုလည်း ချီးကျူးရမယ်ဗျ။

သက်သေခံဆေးက သူ့လက်ထဲမှာ ရှိတုန်း သူက မူးယစ်ဆေးဝါး အစစ်နဲ့ လဲလိုက်လို့ ရတယ်။ အဲ့လိုသာ လဲလိုက်ရင် ဖြိုးပြည့်စုံတို့ မလွတ်တော့ဘူး။ ရဲလည်း အခုလို သိက္ခာ မကျတော့ဘူး

သူက ပထမနေ့ ကတည်းက မီဒီယာကို နုပ်ကြောင်းပေးလိုက်တယ်။ ဒါကို မူးယစ်ဆေးအဖြစ် သူမမြင်ဖူးဘူးလို့ နှပ်ကြောင်းပေးလိုက်တယ်/ အဲ့ဒီ နှပ်ကြောင်းကိုက ဆေးလဲဖို့ မလွယ်တော့အောင် ထိန်းပစ်လိုက်တာပါပဲ။

Credit-Baganthar

Facebook Comments

Admin