အရမ်းတွေပိုကဲလာလို့ ရွံလာပြီလို့ပြောတဲ့ ပရိသတ်ကို ထိထိမိမိပြန်ပြောလိုက်တဲ့ သင်ဇာဝင့်ကျော်

နိုင်ငံကျော် မင်းသမီးတစ်လက်ဖြစ်တဲ့ သင်ဇာဝင့်ကျော်က အနုပညာလောကမှာ အောင်မြင်မှုတွေ ဆက်တိုက် ရရှိထားတဲ့ သူတစ်ယောက် ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ရဲ့ အမိုက်စား ခန္ဒာကိုယ်နဲ့ ဆွဲဆောင်မှုရှိတဲ့ ဝတ်ပုံစားပုံတွေကလည်း ပရိသတ်တွေကို ဖမ်းစားထားနိုင်တာပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း သင်ဇာဝင့်ကျော်ရဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ အပြင်နေထိုင်မှုပုံစံကို ပရိသတ်တွေက စိတ်ဝင်တစား စောင့်ကြည့်အားပေးကြတာ ဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်ရဲ့ ဝတ်ပုံစားပုံကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်တွေ အများကြီး ရှိသလို၊ မကြိုက်ကြတဲ့ ပရိသတ်တွေလည်း အနည်းအကျဉ်းရှိနေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း ပရိသတ်တစ်ယောက်က သင်ဇာဝင့်ကျော်ရဲ့ ဝတ်ပုံစားပုံတွေကို မကြိုက်ကြောင်းပြောထားတာကို တွေ့ရပါတယ်။

ထိုပရိသတ်က ” လွန်တော့ လွန်နေပြီ။ အစပိုင်းကချစ်တယ်။ နောက်ပိုင်းအရမ်းတွေ ပိုကဲလာလို့ ရွံလာပြီ” ဆိုပြီး သင်ဇာဝင့်ကျော် အလန်းစားဝတ်ပြီး ရိုက်ထားတဲ့ ဓာတ်ပုံအောက်မှာ ကောမန့် ရေးသားခဲ့တာ ဖြစ်ပါတယ်။

ထိုပရိသတ်ကို သင်ဇာဝင့်ကျော်က “ရွံရင် Unfollow or Block ထားလိုက်လေ ညီမလေး။ -ီးတုန်းကြီးမှန်းသိရင် ဘာလို့ အားရပါးရ ကောက်ရှုနေတာလဲလို့ ” ဆိုပြီး ထိထိမိမိ ပြန်ပြောခဲ့တာပဲ ဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်ကတော့ သူမရရှိလာတဲ့ ဘဝမှာ ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ်သာ နေထိုင်နေတာဖြစ်တယ်လို့ အင်တာဗျူးတွေမှာ ဖြေကြားထားတာ ရှိပါတယ်။ သင်ဇာတစ်ယောက် ဘယ်လိုတွေ ဝတ်နေစားနေ သူမကိုချစ်တဲ့ ပရိသတ်တွေကတော့ အများအပြား ရှိနေကြဆဲပါပဲ။

Credit-မိုမိုလေး

Facebook Comments

Admin