ယနေ့ညမှာ ကျင်းပလျက်ရှိနေတဲ့ ချစ်စနိုးဦးနဲ့ ဖိုးသားတို့ရဲ့ မင်္ဂလာညစာစားပွဲ ပုံရိပ်များ
သရုပ်ဆောင် ချစ်စနိုးဦးနဲ့ ဖိုးသားတို့ရဲ့ မင်္ဂလာညစာစားပွဲ ကို ဒီကနေ့ နိုဝင်ဘာလ ၂ ရက်နေ့မှာ The One Entertainment Park တွင် ကျင်းပခဲ့တာဖြစ်ပါတယ်။
ချစ်စနိုးဦးနဲ့ ဖိုးသားတို့ဟာ ချစ်သူသက်တမ်း ကြာမြင့်လာခဲ့ပြီးနောက် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ထဲမှာ လက်မှတ်ထိုးထိမ်းမြားလက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ သူတို့ချစ်သူနှစ်ဦးရဲ့ Pre Wedding ပုံရိပ်တွေကို နိုင်ငံရပ်ခြားမှာသွားရိုက်ခဲ့တာဖြစ်ပါတယ်။
အောက်တိုဘာလ ၁၆ ရက်နေ့မှာ မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးပွဲကို ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ မင်္ဂလာဦးဆွမ်းကျွေးကိုလည်း ရိုးရှင်းစွာပြုလုပ်ခဲ့ပါတယ်။ သူတို့ နှစ်ဦးရဲ့ စုလျားရစ်ပတ်ထိမ်းမြားလက်ထပ်ပွဲကို Novotel Hotel မှာ အောက်တိုဘာလ ၂၆ ရက်နေ့က တတိယမြောက်ပွဲအဖြစ် ပြုလုပ်ခဲ့ပါတယ်။
ဒီနေ့ နိုဝင်ဘာလ ၂ ရက်နေ့ညမှာတော့ အနုပညာမောင်နှမတွေနဲ့အတူ မင်္ဂလာညစာစားပွဲကို ခမ်းခမ်းနားနားသိုက်မြိုက်စွာကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီနေ့ကစပြီး နောင်နှစ်ပေါင်းများစွာထိ မင်္ဂလာမောင်နှံစုံတွဲ သက်ထက်ဆုံးပျော်ရွှင်နိုင်ပါစေလို့ ချစ်တဲ့ပရိသတ်တွေနဲ့အတူ ဆုတောင်းပေးပါတယ်။
အလှပဆုံးသတို့သမီးလေး ချစ်စနိုးဦး ရဲ့ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
Photos-Wunna Khwar Ni
Credit – We Love Cele