Season 4 Winner အဖြစ် ရေပန်းအစားဆုံးဖြစ်နေတဲ့ ပြိုင်ပွဲဝင် (၄)ဦး

နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိတဲ့ Myanmar Idol ပြိုင်ပွဲကြီးမှာတော့ Winner တစ်ယောက်ဖြစ်ဆိုတာကတော့ တကယ်ကိုမလွယ်ကူတဲ့ကိစ္စ ဖြစ်ပါတယ်။အကြောင်းကတော့ အဆိုကောင်းရုံသာမက ပရိသတ်တွေအားပေးထောက်ခံမှုဖြစ်တဲ့ Voting ကလည်း Winner ဖြစ်ဖို့ အရေးကြီးဆုံးပဲဖြစ်ပါတယ်။အရင် Season တွေတုန်းကတော့ ပရိသတ်တွေက Winner ကိုကြိုတင်ခန့်မှန်းရတွေလွယ်ကူလှပေမဲ့ လက်ရှိမှာတော့ ပြိုင်ပွဲဝင်တွေရဲ့ အဆိုကောင်းပြီး ပရိသတ်အခိုင်အမာရှိထားမှုတွေကြောင့် Winner ဖြစ်မယ့် ပြိုင်ပွဲဝင်ကတော့ ရွေးချယ်ရခက်နေတာလည်းဖြစ်ပါတယ်။လက်ရှိမှာတော့ Season 4 Winner အဖြစ် ရေပန်းအစားဆုံးဖြစ်နေတဲ့ ပြိုင်ပွဲဝင် (၄)ဦး ကတော့

(၁) အက်စတာဒေါ့သ်ချင်းဆုန်

ချစ်စရာကောင်းလွန်းတဲ့ ချင်းမလေးတစ်ဦးဖြစ်ပြီး ပရိသတ်တွေက ချစ်စနိုးနဲ့ “ဆုန်ဆုန်” လိုခေါ်လေ့ရှိတဲ့ အက်စတာဒေါ့သ်ချင်းဆုန်ကတော့ ဒုတိယ ဆုန်သင်းပါရ်လို့ ပါ တင်စားလောက်ရတဲ့ သူရဲ့ ထူးခြားတဲ့ အဆိုစွမ်းရည်နဲ့ အမှားအယွင်း၊လိုအပ်ချက်မရှိအောင်သီဆိုတတ်မှုကြောင့် Winner ဖြစ်ကိုဖြစ်ရမယ်လို့ အခိုင်အမာ ထင်ကြေးပေးခြင်းခံနေရတာလည်းဖြစ်ပါတယ်။

(၂)အေးမြဖြူ

ငယ်စဉ်ကတည်းကသီချင်းဆိုပြိုင်ပွဲတွေမှာ ဆုတွေရခဲ့တဲ့ အဆိုရှင်လေးဖြစ်ခဲ့ပြီး အသက်ကတော့ (၁၆) နှစ်သာရှိသေးတဲ့ အေးမြဖြူကတော့ အသက်ငယ်ငယ်လေးနဲ့ ဆွဲဆောင်မှုအပြည့်ရှိပြီး ကြည့်လင်ပြတ်သားလှအသံလေးနဲ့ တည်ငြိမ်စွာ သီချင်းတွေကို သီဆိုနိုင်ခဲ့တာကြောင့် ပရိသတ်တွေကတော့ Winner မယ်လို့ အခိုင်အမာ ထင်ကြေးပေးခြင်းခံနေရတာလည်းဖြစ်ပါတယ်။

(၃)ဘင်ဂျမင်ဆုမ်း

ကလေးမြို့ကနေလာရောက် ယှဉ်ပြိုင်တဲ့ ကွန်ပျူတာတက္ကသိုလ် ဒုတိယနှစ်ကျောင်းသားလေးဖြစ်တဲ့ ချင်းတိုင်းရင်သားလေး ဘင်ဂျမင်ဆုမ်းကတော့ သီချင်းတိုင်းကို ခံစားမှုအပြည့်ထည့်ကာ ကိုယ်ပိုင်စတိုင်လ်လေးနဲ့ ဆိုတတ်တာကြောင့် ယောက်ျားလေးပြိုင်ပွဲဝင်တွေထဲက ပရိသတ်တွေအားပေးမှု အများဆုံးရရှိထားပြီး Winner ဖြစ်မယ်လို့ ထင်ကြေးပေးခြင်းခံနေရသူတစ်ယောက်ပဲဖြစ်ပါတယ်။

 

(၄)တန်ခွန်ကျော်

ဝေးလှံခေါင်ဖျား ခန္တီးမြို့ကနေလာရောက် ယှဉ်ပြိုင်တဲ့ နာဂတိုင်းရင်းသားလေးတစ်ယောက်ဖြစ်တဲ့ တန်ခွန်ကျော်ကလည်း နားထောင်သူအဖို့ ကြက်သီးမွှေးတွေ ဖြန်းဖြန်းထရောက်လောက်အထိ သီဆိုသူရဲ့ခံစားချက်တွေကို နားထောင်သူတွေဆီရောက်အောင်သီဆိုတတ်ပြီး တိုင်းရင်သားပီပီ ဖော်ရွေပွင့်လင့်စွာဆက်ဆံတတ်မှုတို့ကြောင့် ပရိသတ်တွေအကြား Winner ဖြစ်မယ့် နာဂတိုင်ရင်သားလေးဆိုပြီး ရေပန်းစားနေတာလည်း ဖြစ်ပါတယ်။ ပရိသတ်ကြီးရေ Myanmar Idol (Season 1) မှာတော့ စောလားထော်ဝါးက Winner ဆုရရှိခဲ့ပါတယ်။ Season 2 မှာတော့ သားငယ်က Winner ဆုရရှိခဲ့တာပါ။ Season 3 မှာတော့ ဖြိုးမြတ်အောင်က Winner ဆု ရရှိခဲ့တာမို့ ယခု Season 4 မှာတော့ ဘယ်သူကများ Winner ဖြစ်လာလိမ့်မလဲ။

Facebook Comments

Burmese Online News