ဒီဇင်ဘာလမှ စတင်ဘာ YBS ယာဉ်လိုင်းကုမ္ပဏီ (၄)ခုမှ ယာဉ်များတွင် YPS ကတ်စနစ် စမ်းသပ်အသုံးပြုမည်

လာမည့် ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ကာ YBS ယာဉ်လိုင်းကုမ္ပဏီ (၄)ခုမှ ယာဉ်များတွင် YPS ကတ်စနစ်ကို စတင်ကာ စမ်းသပ်အသုံးပြု သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။အဆိုပါ ကတ်စနစ် တပ်ဆင်အသုံးပြုမည့် ယာဉ်လိုင်းကုမ္ပဏီလေးခုမှာ YUPT၊ YBPC ၊ ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ လီမိတက်နှင့် ရွှေတောင်ပိုင်း ကုမ္ပဏီတို့ဖြစ်ကြောင်း၊ ၄င်းယာဉ်လိုင်းများတွင် တပ်ဆင်အသုံးပြုမည့် စက်ပစ္စည်းများ ရောက်ရှိ နေပြီဖြစ်ပြီး ဆူးလေ၊ သမိုင်း၊ တာမွေနှင့် ဒဂုံတက္ကသိုလ်တို့တွင် Service Centre များ တည်ဆောက်နေပြီဖြစ်ကြောင်း သိရ သည်။

Image may contain: sky and outdoor

“ကတ်စနစ်ကတော့ မကြာခင် အသုံးပြုနိုင်တော့မယ်။ စက်ပစ္စည်းတွေကလည်းရောက်နေပြီ။ ဒီလထဲမှာ ပထမအသုတ် တပ် ဆင်မယ်။ ကားတစ်စီးကို စက်နှစ်လုံးတပ်ဆင်မယ်။ စက်တပ်ဆင်ရင် အချိန်က ၁၈ ရက်ကြာမယ်။ စက်ကို အတတ်/အဆင်းမှာ တပ်မှာဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ ယာဉ်စီးခကိုလည်း မိုင်နှုန်းအလိုက်ပဲဖြတ်ပြီး ကောက်ခံမှာဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။

Image may contain: 2 people, sky and outdoor

ပထမအသုတ်တွင် ကုမ္ပဏီလေးခုတွင် စမ်းသပ်တပ်ဆင်မည်ဖြစ်ပြီး ဒုတိယ အသုတ်တွင် တရုတ်နိုင်ငံထုတ် Foton ကားအစီးရေ တစ်ထောင်နှင့် ရန်ကုန်မြို့ပတ်ပြေးဆွဲပေးနေသည့် Scania ကား ၃၉ စီးအပါအဝင် စုစုပေါင်း ယာဉ်အစီးရေ ၁၀၃၉ စီးအား ၂၀၂၀ ဇန်နဝါရီလဆန်းတွင် အပြီးတပ်ဆင်အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။“ ကတ်စနစ်အမြန်ဆုံး စတင်နိုင်ရင် ကောင်းတယ်။ အကြွေပြဿနာလည်း မရှိတော့ဘူး။ အခုဆိုရင် ကားစီးဖို့ အရေးအကြွေ ရှာနေရတယ်။ တချို့ယာဉ်လိုင်းတွေဆို စပယ်ယာပါနေသေးတယ်။ ကတ်နဲ့ဆိုတော့ သူတို့အပြောအဆိုမခံရတော့ဘူး”ဟု ခရီး သည်တစ်ဦးက ပြောသည်။

Credit-အကုန်သိ

Facebook Comments

Admin