၁၀လက်မ မြင့်တဲ့ ဒေါက်ဖိနပ်စီးပြီး သူများနဲ့ မတူအောင် အခွီရိုက်ခဲ့ကြတဲ့ Sinon နဲ့ ဖြူဖြူထွေး

စိတ်ထားဖြူစင်သူလေးအဖြစ် မြန်မာနိုင်ငံသားတွေရဲ့ အသိအမှတ်ပြုလေးစားခံရတဲ့ LGBT မော်ဒယ်တစ်ဦးဖြစ်တဲ့ Sinon lorescaက အရမ်းကို ချစ်စရာကောင်းပြီး ရိုးသားဖြူစင်လွန်းတဲ့ သူတစ်ယောက်ပါ။ မြန်မာနိုင်ငံကို ရောက်တဲ့အချိန်ခဏလေးအတွင်း မြန်မာပရိသတ်တွေရဲ့ အချစ်တွေကို သူရဲ့ သန့်ရှင်းလွန်းတဲ့ မေတ္တာတရားတွေနဲ့ သိမ်းပိုက်သွားသူလေးတစ်ယောက်ပါ။ Cat Walk လျှောက်တဲ့ နေရာမှာ အရမ်းကိုဆရာကျလွန်းပြီး မိန်းကလေးတွေလိုက်မမီလောက်အောင် အရမ်းကို တော်လွန်းတဲ့ မော်ဒယ်တစ်ဦးဆိုလည်း ဟုတ်ပါတယ်။

Sinon က မြန်မာနိုင်ငံသားမဟုတ်ပေမယ့် မြန်မာနိုင်ငံကို ချစ်တဲ့ သူရဲ့ စိတ်ကတော့ မြန်မာနိုင်ငံသားတွေတောင် ပြန်ပြီး လေးစားရတဲ့ သူတစ်ဦးဖြစ်တဲ့ အပြင် ချစ်စရာကောင်းလွန်းလို့ အခုဆိုရင် မြန်မာရုပ်ရှင်ဇာတ်ကားတစ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ထားတာကို ပရိသတ်တွေ ကြည့်ရှူခံစားရတော့မှာဖြစ်ပါတယ်။ ပရိသတ်တွေကြားမှာ ရေပန်းအစားဆုံးဖြစ်တဲ့ Sinon ရဲ့ ၁၀လက်မ မြင့်တဲ့ ဒေါက်မြင့်ဖိနပ်ကြီးတွေကတော့ လူတိုင်းစီးဖို့ ခဲ့ယဉ်း လွန်းပါတယ်။

ထိုဖိနပ်ကြီးကို စီးပြီး Sinon နဲ့ ပထမဆုံး လမ်းလျှောက်ခဲ့တဲ့ သရုပ်ဆောင် ထွန်းထွန်းနဲ့ ဗီဒီယိုလေးကတော့ ကြည့်ရှူသူပရိသတ် သန်းနဲ့ ချီရှိခဲ့ပါသေးတယ်။ အခုလည်း Tiktok မင်းသမီး‌လေးလို့ ပရိသတ်တွေ တင်စားကြတဲ့ ဖြူဖြူထွေးက Sinon ရဲ့ ဖိနပ်ကြီးကို စီးပြီး ဒူးတွေတုန် လမ်းမလျှောက်နိုင်ဖြစ်နေလို့ Sinon က တွဲကူခေါ်ပေးခဲ့ရတဲ့ ချစ်စရာကောင်းလွန်းတဲ့ အခွီဗီဒီယိုလေးကို ပရိသတ်တွေအတွက် ပျော်ရွှင်နိုင်ဖို့ တင်ပေးလိုက်ပြီနော်။

Video ကြည့်ရန်

Credit-စွယ်စုံ

Facebook Comments

Admin