သူမထက်ပိုပြီး ချစ်စရာကောင်းလွန်းတဲ့ တူမလေးကို ထုတ်ကြွားလိုက်တဲ့ ရွှေအိမ်စည်

Last modified date

မန်မာနိုင်ငံကိုယ်စားပြု အလှမယ်တစ်ဦးအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရင်း တနိုင်ငံလုံးမှာရှိတဲ့ ပရိတသတ်တွေရဲ့ အချစ်တွေ ကို ပိုင်ဆိုင်ခဲ့တဲ့ အလှမယ်လေး ရွှေအိမ်စည်က အရမ်းကို ချစ်စရာကောင်းတဲ့ သူ မတူတဲ့ အလှတွေကို ပိုင်ဆိုင်ထားသူလေးပါ။ မြန်မာနိုင်ငံအတွက် အကောင်းဆုံးကြိုးစားခဲ့ပြီးနောက်မှာ အလှမယ်တစ်ဦးအဖြစ်ကနေ ကြော်ငြာရိုက်ကူးမှုတွေကို လက်ခံရိုက်ကူးပေးနေတဲ့ မော်ဒယ်လေးတစ်ဦးအဖြစ် မြင်တွေ့ရမှာပါ။

လက်ရှိမှာ အိမ်စည်က သူမဝါသနာပါတဲ့ အရာလေးတွေကိုလုပ်ရင်း တည်တည်ငြိမ်ငြိမ်နဲ့ ဘဝကို ဖြတ်သန်းနေသူလေးအဖြစ် မြင်တွေ့ကြရမှာပါ။ အလှမယ် တစ်ဦးရဲ့ အပိုအလိုမရှိတဲ့ အလှတရားကို ပိုင်ဆိုင်ထားသူလေးမို့ ဘယ်ချိန်ကြည့်ကြည့်အရမ်းကို ချစ်စရာကောင်းပြီး လွတ်လပ်ပျော်ရွှင်နေတဲ့ အိမ်စည်ရဲ့ ပုံရိပ်လေးတွေကို ပဲ မြင်တွေ့ရမှာပါ။ အခုတခေါက်ကတော့ ပရိသတ်တွေကို အိမ်စည်ရဲ့ ချစ်စရာကောင်းတဲ့ အမျိုးတစ်ယောက်နဲ့ မိတ်ဆက်ပေးချင်လို့ပါ။

အိမ်စည်လိုပဲ အရမ်းကို ချစ်စရာကောင်းတဲ့ တူမလေးနဲ့ အတူ တွဲရိုက်ထားတဲ့ ဓာတ်ပုံလေးတွေကို ပရိသတ်တွေမြင်တွေ့ရမှာဖြစ်ပါတယ်။ ထိုပုံလေးတွေအောက်မှာတော့ ပရိသတ်တွေက နောက်တက်မယ့် အိမ်စည်လေးဆိုပြီးတော့တောင် မှတ်ချက်တွေပေးထားပါသေးတယ်။ ဒီတော့ ဆံပင်ကောက်ကောက်လေးတွေနဲ့အိမ်စည်ထက်ပိုပြီး ချစ်စရာကောင်းနေတဲ့ တူမလေးနဲ့အတူ ရိုက်ထားတဲ့ ပုံရိပ်လေးတွေကို  ပရိသတ်တွေအတွက် ဦးဦးဖျားဖျားတင်ပေးလိုက်ပါပြီနော်။

Burmese Online News

Facebook Comments

Burmese News