ဆရာကြီး ဦးထွန်းလွင် ရှိနေစဉ်အခါက နှစ်သစ်ကူးနေ့ကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့တဲ့ ဆရာကြီးရဲ့ပုံရိပ်များ

Last modified date

ဆရာကြီး ဦးထွန်းလွင်ဟာမြန်မာနိုင်ငံရဲ့ မိုးလေဝသပညာရှင်တစ်ဦးဖြစ်ပြီး ဘာသာရပ်တစ်ခုကို သမားရိုးကျ လုပ်ကိုင်ပြီးအသက်မွေးဝမ်းကြောင်း လုပ်ကိုင်ပြီးအသက်ရှင်နေထိုင်သွားသူတစ်ယောက်မဟုတ်ပဲ သူရဲ့ပညာရပ်အပေါ်ကို တန်ဖိုးထားအမြဲစူစမ်းလေ့လာပြီး တွေ့ရှိချက်တွေကို လူသားတွေရဲ့ အကျိုးတွေအတွက်ပြန်လည်မျှဝေပေးတဲ့ မြန်မာနိုင်ငံရဲ့ အဖိုးတန်ပညာရှင်ကြီးတစ်ယောက်လည်းဖြစ်ပါတယ်။

ဆရာကြီး ဦးထွန်းလွင်ဟာ နိုဝင်ဘာလ (၄) ရက်နေ့ တနင်္လာနေ့ ညနေ ၇ နာရီခန့်မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး မြန်မာပြည်သူလူထုကို မျက်ရည်မိုးရွာစေခဲ့တာလည်းဖြစ်ပါတယ်။

ဆရာကြီး ဦးထွန်းလွင် ကွယ်လွန်ခဲ့မှုနဲ့ပါတ်သတ်လို့ အနုပညာရှင်များ၊ အတတ်ပညာရှင်များနဲ့ ပြည်သူတွေက ဝမ်းနည်းကြေကွဲကြောင်းလူမှုကွန်ယက်စာမျက်နှာတွေကနေမျှဝေခဲ့ကြပြီး သတင်းစာခေါင်စီးပိုင်းတွေမှာလည်း အကျယ်တဝံ့ဖော်ပြထားပါတယ်။ ကာတွန်းဆရာဝင်းအောင်ကလည်း ဆရာကြီး ရှိစဉ်အခါက ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ပုံတွေကိုမျှဝေခဲ့တာလည်းဖြစ်ပါတယ်။

ဆရာကြီး ဦးထွန်းလွင်ဟာ ဝေါဟာရနိုင်နင်းကြွယ်ဝသူ၊ အသိပညာဗဟုသုတကြွယ်ဝသူ ဖြစ်ပြီး ဓာတ်ပုံတွေထဲမှာ ဆရာကြီးရဲ့ ပျော်ပျော်နေတတ်မှု၊ ဟာသဉာဏ်ကောင်းမှု၊ မာန်မာန မရှိမှုတွေကို တွေ့မြင်ရပါတယ်။

ပရိသတ်တွေရော ဆရာကြီးအတွက် ကောင်းရာမွန်ရာဘဝရောက်အောင်ဆုတောင်းပေးလိုက်ကြပါအုံးနော်။ အဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။

Credit-မိုမိုလေး

Facebook Comments

Burmese News