နိုင်ငံတော်နှင့်နိုင်ငံသားများအတွက် စိတ်တိုင်းကျတာဝန်မထမ်းဆောင်ရသေးဟုခံစားရကြောင်း သူရရွှေမန်းပြော

နိုင်ငံတော်နှင့်နိုင်ငံသားများအတွက် စိတ်တိုင်းကျ တာဝန်မထမ်းဆောင်ရသေးဟု ခံစားရကြောင်း ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းကပြောသည်။တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်တွင် နိုဝင်ဘာလ ၅ ရက်ကကျင်းပသော ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ ပါတီဝင်များအပါအ၀င် ဒေသခံများနှင့်တွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

Image may contain: 1 person, on stage and standing

“ ကျွန်တော့်စိတ်တိုင်းကျနိုင်ငံတော်နဲ့ပြည်သူအတွက် တာဝန်ထမ်းဆောင်ခွင့်မရခဲ့သေးဘူးလို့ ကျွန်တော့်စိတ်ထဲမှာဒီလိုပဲခံစားရပါတယ်။ ဒါဖြင့်နိုင်ငံတော်နဲ့ပြည်သူအတွက် ဘယ်လိုတာဝန်ထမ်းဆောင်ချင်တာလဲဆိုတော့ ဒီနေ့ နိုင်ငံတော်ကြီးဒီထက်တိုးတက်အောင်၊ဖွံ့ဖြိုးအောင် ၊ ဒီလိုပဲဒီနေ့ပြည်သူတွေ ဒီအခြေအနေထက်တိုးတက်အောင်၊ ဒီအခြေအနေထက်ကောင်းအောင် လုပ်ပေးချင်တဲ့ဆန္ဒပဲဖြစ်ပါတယ်။ဒီလိုဆိုရင် ပါတီစုံဒီမိုကရေစီခေတ်မှာ နိုင်ငံအရေးဟာကိစ္စအမြောက်အများကို ဆောင်ရွက်ချင်တယ်ဆိုရင်လည်းနိုင်ငံရေးပါတီတစ်ရပ်ထူထောင်ဖို့လိုတယ်။

Image may contain: 5 people, people smiling, people standing, tree, wedding and outdoor

အဲဒီနိုင်ငံရေးပါတီတစ်ရပ်ကို ပြည်သူတွေကတာဝန်ပေးမယ်ဆိုရင် နိုင်ငံရေးရာကိစ္စရပ်များကိုကျွန်တော်တို့စိတ်တိုင်းကျဆောင်ရွက်နိုင်မယ်” ဟု ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းကပြောသည်။ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို နိုင်ငံရေးပါတီတစ်ရပ်အဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၁၉ ခုနှစ်၊ ဧပြီလတွင် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

Image may contain: 1 person, standing

သူရဦးရွှေမန်းသည်နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီလက်ထက်တွင် ဗိုလ်ချုပ်ကြီးရာထူးဖြင့် လည်းကောင်း၊ ပါတီစုံဒီမိုကရေစီ ၂၀၁၀ ရွေးကောက်ပွဲအပြီး သမ္မတဦးသိန်းစိန်လက်ထက်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ၂၀၁၅ရွေးကောက်ပွဲအပြီးတွင် ဥပဒေအထူးကိစ္စရပ်များနှင့် လေ့လာဆန်းစစ်ရေးကော်မရှင်ဥက္ကဋ္ဌအဖြစ်လည်းကောင်း တာဝန်များထမ်းဆောင်ခဲ့သည်။

Credit-အကုန်သိ

Facebook Comments

Burmese News