သူငယ်ချင်းက ပါးရိုက်လိုက်လို့ မျက်လုံးထိခိုက်သွားတဲ့ Galaxy Star ပြိုင်ပွဲဝင် မီးနို
Galaxy Star ပြိုင်ပွဲမှတစ်ဆင့် ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို ပိုပိုပြီး ရရှိလာတဲ့ အဆိုတော်မလေး မီးနိုကတော့ အသံချိုချိုလေးနဲ့ ကိုယ်ပိုင်သီချင်းတွေကို အကောင်းဆုံး ဖန်တီးတတ်သူလေးတစ်ဦးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ မီးနိုက သူမအရမ်းကို ခံစားရတဲ့ အဖြစ်အပျက်လေးတစ်ခုကို လူမှုကွန်ယက်မှာ ထုတ်ပြောလာတာ တွေ့ရပါတယ်။ အကြောင်းပြချက် ကြီးကြီးမားမားမရှိပဲ ငယ်သူငယ်ချင်းရဲ့ရိုက်နှက်ခြင်းကို ခံလိုက်ရတဲ့ မီးနိုရဲ့အဖြစ်ကတော့ ကြားရုံနဲ့တင် ကြက်သီးထစရာ ကောင်းလှပါတယ်နော်။
ချစ်ပရိသတ်တွေအတွက် ယူတတ်ရင် ပညာရစေမယ့် မတည်ငြိမ်တဲ့ လူတွေရဲ့စိတ်အကြောင်း ပေါ်လွင်နေတဲ့ မီးနိုရဲ့အဖြစ်အပျက်လေးကို ဖော်ပြပေးလိုက်ပါတယ်။
အဆိုတော်မလေး မီးနိုကတော့ “မနက်ကနေဖုန်း တွေဆက်မေးကြလို့ ကျေးဇူး တင်ပါတယ် သူငယ် ချင်း လီယိုက လည်း မျက်လုံး ထိသွားလို့စိတ် ပူပြီး ညတွင်း ချင်းဆေးရုံလိုက်ပို့ေ ပးတာကျေး ဇူး ပါသား ကြီး ရာ ☺️ တစ်ခု တော့သတိထားမိ သွားတယ် ဘယ်လောက်ဘဲငယ်ပေါင်း သူငယ်ချင်းဘဲ ဖြစ် ဖြစ် မနာလိုစိတ်ပျင်းပြ တာတွေစု လာရင်အန္တရာယ်ပေးလာနိုင်တာပါဘဲ ဘာမဟုတ် တဲ့ အရာ ကို လက်ပါတဲ့ ထိကိုယ် ထိလက် ရောက် လုပ် တာ ဟာ သူစိတ် ထဲ ဘယ် လောက်ထိ အကျဉ်းချ ခံနရေလည်းမသိေ ပမဲ့ လူ တစ် ဖက်သားကို အနာတရလုပ်တာဟာ ရူး နေလို့ သာသတ် မှတ် တယ် သူလုပ် တာထက် အဆပေါင်းများ စွာ ပြန်လုပ်လို့ ရပါတယ် ကားနဲ့လည်း တိုက် သက်လို့ ရတယ် base ball တုတ် နဲ့ လိုက် ရိုက်လို့ရတယ် ပြန် လုပ်ရမှာထက် အရမ်းအံ့သြသွားပြီး ပြန် မလုပ် နိုင်ခဲ့ ဘူး ငယ်သူငယ် ချင်းကြီး ကလုပ် ရက်လို့ ပြန်မလုပ်ခဲ့ဘဲ ဆွံ့ အမိတယ် အိမ် ကေ ခွးလေး အိန်ဂျယ် တောင် သခင် လက် ကိုကိုက် ပြီး သခင်နာသွားရင် ခေါင်းေ လးေ ဝှ့ ပြီး ပြန် ချော့ ရ ကောင်း မှန်းသိတယ်
ခု တော့ အနာ တရ ဖြစ်တာသိလို့လည်း တာဝန် ယူတဲ့ စိတ်နဲ့ တောင်းပန် ခြင်းလည်းမရှိ တဲ့ သူ တို့ ဘဝကို လည်းလူဖြစ်ရကျိုးမနပ်ဘူးထင်တယ် လို့တွေးမိတယ် နင့် အတွက် လည်း သူငယ်ချင်းကောင်းတစ်ေ ယာက် ဆုံး ရှုံး ပြီလို့ သာ သတ် မှတ် လိုက် ပါတော့အရူးမရ.. ဓာတ်ပုံ နဲ့ တင်လူရှေ့မှာ ဒဲ့ မဖိုက်တာ သနားတဲ့ စိတ်တစ်ခု ကျန် နေသေးလို့ သာ မလုပ် တော့တာေ ဟး ဒီေ န့ေ ဆး ခန်းပြလို့ ငါ မျက်လုံးတစ် ခုခု ဖြစ် ရင်နင့်မျက် လုံး အစားပြန် ပေးဖို့ပြင် ဆင်ထားေ တာ့ ဘဝမှာ အမေတောင် မျက်နာမပြောနဲ့လက်နဲ့တောင်ရွယ်ဖူးတာမဟုတ် တော် တော် အောက်တန်းကျတဲ့ စိတ်နဲ့ ပါးရိုက်ရလောက်အောင် ကိစ္စကကြီးမားတာကို စိတ် တွေ လည်း ရှုပ် ပါတယ် အပြင်သွားတာလာခေါ်တာနောက်ကျလို့ တစ်ခြားသူ့သူငယ်ချင်းတွေရှေ့ မျက်နာပျက် တယ်ဆိုပြီ မီးနိုကိုရိုက်သွားတာပါ ရည်ရွယ်ချက်ရှိရှိလုပ်သွားတာ ဘယ်လိုသူငယ်ချင်းလည်းလေ.. ခု ထိ အံ့သြနေမိတုန်းဘဲ အကြောင်းရင်ကဒါပါဘဲ?” ဆိုပြီး သူမရဲ့အဖြစ်အပျက်အပြည့်အစုံကို ပြောပြထားတာပါ။
အဆိုတော်မလေး မီးနိုကတော့ အဆိုပါအဖြစ်အပျက် ဖြစ်ပြီးပြီးချင်းမှာ မျက်လုံးကို တော်တော်ထိသွားတာကြောင့် ဆေးရုံသို့ ချက်ချင်းသွားခဲ့ရတယ်လို့လည်း သိရပါတယ်။ လတ်တလောမှာတော့ မီးနိုအနေနဲ့ တရားစွဲဖို့ အစီအစဉ်မရှိပဲ အေးအေးချမ်းချမ်းပဲ ဖြေရှင်းသွားမယ်လို့ သိရပါတယ်။ ချစ်ပရိသတ်တွေလည်း အနီးအနားက ဟန်ဆောင်သူငယ်ချင်းတွေက ကြောက်စရာအကောင်းဆုံးပဲဆိုတာကို ပြသခဲ့တဲ့ မီးနိုရဲ့အဖြစ်အပျက်လေးကိုကြည့်ပြီး ပညာယူကြဖို့ မမေ့ပါနဲ့နော်။
မိုမိုလေး