တရားခံပြေး ဦးစိုးထွန်းရှိန်အား Air-Thanlwin လေယာဉ်ဖြင့် မန္တလေးသို့ပို့ဆောင်

Last modified date

ဦးစိုးထွန်းရှိန်အား Air-Thanlwin လေယာဉ်ဖြင့် မန္တလေးသို့ပို့ဆောင်

Image may contain: 1 person

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၆)ရက်နေ့ နေ့လယ် (၁၂)နာရီကျော်အချိန်တွင်မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တရားခံပြေး အဖြစ် ကြေညာထားပြီး ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေသည့် အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်ကို ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့မှတစ်ဆင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ခေါ်ဆောင်လာခဲ့ပြီး တာချီလိတ်လေဆိပ်မှ မွန်းလွဲ (၂)နာရီ (၅၀)မိနစ်ခန့်တွင် Air-Thanlwin လေယာဉ်ဖြင့် မန္တလေးသို့ ဆက်လက်ပို့ဆောင်ခဲ့ကြောင်း သိရှိရပါသည်။

Image may contain: car and outdoor

ဦးစိုးထွန်းရှိန်အား ခေါ်ဆောင်လာသည့် မော်တော်ယာဉ် (၂)စီးကို မြန်မာ – ထိုင်း ချစ်ကြည်ရေး တံတား အမှတ်(၂)မှတစ်ဆင့် ခေါ်ဆောင်လာချိန်တွင် ချစ်ကြည်ရေး တံတား၏ တာချီလိတ်ဘက်ခြမ်း၌ အသင့်စောင့်ဆိုင်းနေသည့် ရဲတပ်ဖွဲ့ကားများ လိုက်ပါလျက် တာချီလိတ် လေဆိပ်သို့ မောင်းနှင်သွားကြခြင်း ဖြစ်ပြီး လမ်းတလျှောက်တွင်လည်း လုံခြုံရေး ယူထားကြောင်း သိရှိရသည်။

Image may contain: one or more people and outdoor

အဆိုပါ တရားခံပြေးအား မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်း မြို့မရဲစခန်း(ပ) ၆၁/၂၀၁၈၊ မြန်မာ့သတ္တုတွင်းဥပဒေပုဒ်မ ၃၀(က)/ကျင့် ၅၁၂ အမှုမှ ထွက်ပြေး တိမ်းရှောင်နေသော တရားခံပြေးများ ဖြစ်သည့် စိုးထွန်းရှိန်၊ ညီညီလွင်၊ ခင်ဇော်၊ မင်းမင်းစိုးနှင့် စောမောင်တို့အား တွေ့ရှိပါက နီးစပ်ရာ ရဲစခန်းများသို့ ဆက်သွယ် အကြောင်းကြားပေးကြရန် ၂၀၁၉ ခုနှစ် မတ်လအတွင်းက ကြေညာထားခြင်း ဖြစ်သည်။

Image may contain: airplane, sky, cloud, outdoor and nature

Credit-Myanmar Online News

Facebook Comments

Burmese News