အမေရိကန်နိုင်ငံ ဆန်ဖရန်စစ်စကို တောင်ပုလုကျောင်းမှာ ဗောဓိညောင် ၁၀ ပင်အဓိဌာန် ဝင်ခဲ့တဲ့ ဆုပန်ထွ

ဝါရင့်ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဆုပန်ထွာဟာ ရုပ်ရှင်လောကမှာသာမက ဂီတ လောကမှာပါ အောင်မြင်နေသူတစ်ဦးဖြစ်ပါတယ်။ သူမပါဝင် သရုပ်ဆောင်ထားတဲ့ ဇာတ်ကားပေါင်းများစွာ ရှိခဲ့တာကြောင့် ပရိသတ်အခိုင်အမာရရှိထားသူ တစ်ဦးလည်းဖြစ်ပါတယ်။

ဆုပန်ထွာဟာ အမေရိကန်နိုင်ငံကို ဖျော်ဖြေရေးအတွက်ရောက်နေတာ အချိန်တော်တော်ကြာမြင့်နေပီလည်းဖြစ်ပါတယ်။ သူမဟာ တစ်ဖက်မှာအနုပညာအလုပ်ကိုဇောက်ချလုပ်ကိုင်ရင်း တစ်ဖက်မှာလည်း သူမချစ်တဲ့မိသားစုလေးနဲ့ ဘဝကိုပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေသူလည်းဖြစ်ပါတယ်။

ဘာသာတရားကို ကိုင်းရှိုင်းတတ်သူတစ်ယောက်ဖြစ်ပြီး အမြဲလိုလို သူမရဲ့ ဖေ့ဘုတ်ကနေ ဘာသာတရားနဲ့ပါတ်သတ်တာတွေ မျှဝေပေးလေ့ရှိတဲ့ ဆုပန်ထွာဟာ အမေရိကန်နိုင်ငံ ဆန်ဖရန်စစ်စကိုမြို့မှာရှိနေတဲ့ တောင်ပုလု ကမ္ဘာအေး မြန်မာဘုန်းတော်ကြီးကျောင်းမှာ၂၈ကြိမ်မြောက် ဗောဓိညောင် ၁၀ ပင်အဓိဌာန်ကို ပြုလုပ်ခဲ့တာဖြစ်ပြီး ထူးခြားမှုများစွာရှိခဲ့ကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။

ခုလိုပုံလေးတွေမျှဝေခဲ့တာလည်းဖြစ်ပါတယ်။

ဆုပန်ထွာဟာ ခင်ပွန်းဖြစ်သူ ဥက္ကာကျော်နဲ့ သာယာပျော်ရွှင်စရာအိမ်ထောင်ရေးကိုတည်ဆောက်ထားတာဖြစ်ပြီး သားလေးဖြစ်သူ Roar Roar ကိုလည်းပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ပရိသတ်တို့လည်း ဆုပန်ထွာတို့ရဲ့ ကုသိုလ်ကောင်းမှုတွေအတွက် ကြည်နူပီတိဖြစ်နိုင်ကြပါစေ။အဆုံးထိဖတ်ရှုပေးတဲ့ အတွက် ကျေးဇူးတင်ရှိပါတယ်။

Credit-မိုမိုလေး

Facebook Comments

Burmese News