အရက်သောက်နေစဉ်ငိုသဖြင့် ဖခင်ဖြစ်သူမှ လသားအရွယ်ကလေးအားဦးခေါင်းကိုကိုင်ကာ ကြမ်းပြင်နှင့်ဆောင့်၍လွှင့်ပစ်မှုကြောင့် ကလေးသေဆုံး

ပဲခူးမြို့၊ အမှတ်(၂)နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များမှ  ဇိုင်းတောင်ရပ်ကွက်၊ အုတ်ကျင်းပိုင်း၊ ရန်ကုန်-မန္တလေးမီးရထားလမ်း၊ ကြေးနန်းမိုင်တိုင်အမှတ် (၅၂ နှင့် ၅၃) အကြားတွင် ခန္ဓာကိုယ်အား ပုဆိုးဖြင့်ထုပ်ထားသော အသက်(၁)လ (၈)ရက်ခန့်အရွယ်ရှိ အမည်မရှိယောက်ျားလေး (၁)ဦး ၏ အလောင်တစ်လောင်းး စစ်ဆေးတွေ့ရှိခဲ့သည်။

အဆိုပါကလေးအလောင်း တွေ့ရှိမှုနှင့်ပတ်သက်၍ ကျူးလွန်သူဟု ယူဆရသည့် ကလေးငယ်၏ မိဘများကို စစ်ဆေးခဲ့ကာအမှုနှင့်ပတ်သတ်၍ သေဆုံးရခြင်းအကြောင်းအား ဖြစ်စဉ်အမှန်သိရှိရန် အဆိုပါကလေးအလောင်းအား ရဲဆေးစာဖြင့် ပဲခူးဆေးရုံကြီးသို့ ပို့အပ်ပြီး ဆေးစာထင်မြင်ချက်တောင်းခံခဲ့ရာ မှုခင်းဆရာဝန်(ပဲခူးဆေးရုံကြီး)မှ ဦးခေါင်းတွင် ရရှိသောဒဏ်ရာကြောင့် ဦးခေါင်းခွံရိုး ချိုင့်ဝင် ကျိုးခြင်း၊ ဦးနှောက်အမှေးပါး သွေးသွန်ခြင်းတို့ကြောင့် သေဆုံး ရခြင်းဖြစ်ကြောင်း နိုဝင်ဘာ(၅)ရက်နေ့တွင် ဆေးစာထင်မြင်ချက်ပြန်ကြားလာခဲ့သည်။

ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဇိုင်းတောင်ရပ်ကွက်၌ဖခင်ဖြစ်သူမှ အရက်သောက်နေစဉ် ကလေးငိုသဖြင့် ကလေး၏ဦးခေါင်းအားကိုင်ကာ ကြမ်းပြင်နှင့် ကိုင်ဆောင့်၍ လွှင့်ပစ်မှုကြောင့် တစ်လနှင့် ရှစ်ရက်အရွယ်ရှိ ကလေးငယ်သေဆုံးခဲ့ပြီး သေဆုံးသွားသောကလေးငယ်အား ဖခင်ဖြစ်သူမှ ဇိုင်းတောင်ရပ်ကွက်၊ အုတ်ကျင်းပိုင်း၊ ရန်ကုန်-မန္တလေးမီးရထားလမ်း၊ ကြေးနန်းမိုင်တိုင်အမှတ် (၅၂ နှင့် ၅၃) အကြားတွင် သွားရောက်စွန့်ပစ်ခဲ့ကြောင်း သိရှိရသည်။

အမှုမှ တရားခံများအား ထပ်မံစစ်ဆေးရာ မဇင်မာအေးသည် ဖယောင်းတိုင်ဝယ်ရန် နေအိမ်တဲမှထွက်လာ၍ ကလေးငယ်အား သက်လင်းနှင့်အတူ ထားခဲ့ပြီး နေအိမ်သို့ ပြန်လည်ရောက်ရှိစဉ် ကလေးငယ်မှာ အသက်ရှူ ကြပ်နေသည်ကို တွေ့ရှိရသဖြင့်မေးမြန်းရာ သက်လင်းမှ အရက်သောက်နေစဉ် ကလေးငိုသဖြင့် ကလေးဦး ခေါင်းအားကိုင်၍ ကြမ်းခင်းနှင့်ကိုင်ဆောင့်ပြီး လွှင့်ပစ်သဖြင့် ကလေးမှာ သစ်သားတိုင်နှင့် ဆောင့်မိကာ ရရှိ သောဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သောကြောင့် ကလေးအလောင်းအား သက်လင်းနှင့် မဇင်မာအေးတို့မှ သွားရောက်စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ထို့အတွက်ကြောင့် အမှုအားစစ်ဆေးပေါ်ပေါက်ချက်အရ ရာဇသတ်ကြီးပုဒ်မ (၃၀၄-က/၃၁၈ မှ ၃၀၂/၃၁၈(လူသတ်မှု/ကလေး အလောင်း ဖျောက်ဖျက်မှု) သို့ ပြောင်းလဲဖွင့်လှစ်ထားရှိကြောင်းနှင့် အမှုမှတရားခံ သက်လင်းပါ (၂)ဦးအား ဥပဒေနှင့်အညီ အမြန်တရားစွဲတင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

Credit-MON

Facebook Comments

Burmese News