မေမေချစ်သုဝေရဲ့ သီချင်းဗီဒီယိုလေးကိုကြည့်ပြီး ခံစားရလွန်းလို့ တရှုံ့ရှုံ့နဲ့ ငိုကြွေးနေတဲ့ သမီးလေး သစ်သစ်
အနုပညာမျိုးရိုးကနေ ပေါက်ဖွားလာကြတဲ့သူတွေဖြစ်တာကြောင့် ခေတ်နဲ့သစ်ကတော့ အနုပညာသွေးတွေ လည်ပတ်စီးဆင်းနေလျက်ပါ။
ဒီသီချင်းလေးကို ယနေ့ နိုဝင်ဘာလ ၆ ရက်နေ့မှာပဲ FG Entertainment ကနေပြီး ဗီဒီယိုလေးနဲ့တင်ခဲ့တာဖြစ်ပါတယ်။ ချစ်သုဝေရဲ့ ဝေး ဆိုတဲ့ သီချင်းလေးကို လူငယ်တေးရေးဆရာ ဝေလက ရေးသားပေးထားတာဖြစ်ပါတယ်။ ချစ်သုဝေရဲ့ သီချင်းကောင်းတွေထဲက တစ်ပုဒ်ဖြစ်လာမယ့် ဝေး သီချင်းလေးကို အမြွှာသမီးလေးထဲက တစ်ဦးဖြစ်တဲ့ သစ်လေးက တစိမ့်စိမ့်ကြည့်ရင်း တရှုံ့ရှုံ့ငိုကြွေးနေခဲ့တာဖြစ်ကြောင်း မေမေချစ်သုဝေက ဗီဒီယိုလေးနဲ့တကွ ဖော်ပြလာတာဖြစ်ပါတယ်။
“ဝေး” MTV လေးကိုပုံဖော်ဖို့ဖြစ်လာတော့ Milos Curameng က သူတင်ဆက်မယ့်အရာတွေကိုပြောပြတယ်.. ကိုယ်ဟာကြိုက်လွန်းလို့ ချက်ချင်းခေါင်းညိမ့်ခဲ့တယ်..တွေးစရာတွေနဲ့မို့,,,ခု အသက် ၃နှစ်မပြည့်သေးတဲ့ သမီးလေး”သစ်”ကFg entertainment မှာတင်ထားတဲ့ “ဝေး” music video လေးကိုကြည့်ပြီး ကြည့်ရင်း တစ်ရှုံ့ရှုံ့သံကြားလို့ ကြည့်လိုက်မှ မျက်ရည်တွေစီးကျပြီးခံစားနေတာ အမှန်ဆို “ဝေး” က တိုက်ရိုက်တွေငိုစရာမရှိပေမယ့် နက်နက်လေးတွေးမှသာ ဝမ်းနည်းစေတာမို့,, သမီးလေး ခံစားရတာ ဝမ်းနည်းမိပေမယ့် သူ့အတွင်းဓါတ်ခံအနုပညာ ပါရမီလေး ပါလာတာခံစားမိလို့ ဒီအမေ အတော် ကျေနပ်မိပါရော“ဝေး” mtv လေးကြည့်ပြီးရင် ခံစားမိတာတစ်ခုခုရှိရင် ဒီpost လေးအောက်မှာမှတ်မှတ်ယယcomment ရေးပေးနော် !! သိမ်းချင်လို့ Treza ရဲ့ဒီ account မှာလည်းတင်ထားတယ် Fg entertainment page မှာလည်းတင်ထာူတယ်နော်!!!
ကဲ…သမီးလေး သစ်ကလေးကတော့ မေမေ့သီချင်းအသစ်လေးကိုကြည့်ပြီး ခံစားချက်တွေ ပြည့်လျှံလွန်းလို့ ငိုကြွေးနေတာကိုတွေ့ခဲ့ရပြီးပါပြီ။ ပရိသတ်တွေကရော ထရီဇာရဲ့ သီချင်းအသစ်လေးကို ဘယ်လိုသဘောရလဲဆိုတာ ပြောပြပေးသွားကြပါဦးနော်။
Credit-We Love Cele