သားသားလေး ခိုင်ခန့်မောင်ရဲ့ (၁)နှစ်ပြည့် မွေးနေ့လေးကို ဂေဟာမှာ ပျော်ပျော်ရွှင်ရွှင် ကျင်းပပေးခဲ့တဲ့ ခိုင်နှင်းဝေ

နိုင်ငံကျော် မင်းသမီးတစ်ဦးဖြစ်တဲ့ ခိုင်နှင်းဝေက တစ်ခေတ်တစ်ခါက ပရိသတ်တွေ အသည်းစွဲနေအောင် ချစ်ရတဲ့ မင်းသမီးလေးပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေက အခုဆိုရင် အနုပညာလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်ရင်း ပြည်သူ့အကျိုးပြု ပရဟိတလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေလျက် ရှိတာကို တွေ့ရပါတယ်။ ခိုင်နှင်းဝေက “ခိုင်နှင်းဝေလူမှုကူညီရေးဖောင်ဒေးရှင်း”နဲ့ “ခိုင်နှင်းဝေရင်သွေးလေးများ ဂေဟာ” ကိုလည်း ဦးစီးတည်ထောင်ထားပါသေးတယ်။

မနေ့က နိုဝင်ဘာလ (၆) ရက်နေ့ကတော့ ခိုင်နှင်းဝေရဲ့ ကလေးတွေထဲက တစ်ယောက်ဖြစ်တဲ့ သားသားလေး ခိုင်ခန့်မောင်ရဲ့ ၁နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေက သားလေးရဲ့ မွေးနေကို ဂေဟာမှာပဲ ကိတ်လေးခွဲပြီး ပျော်ပျော်ရွှင်ရွှင် ကျင်းပခဲ့ပါတယ်။

ခိုင်နှင်းဝေက “သားသားလေးခိုင်ခန့်မောင်ရဲ့ ၁နှစ်ပြည့် မွေးနေ့လေးကို မောင်လေး ညီမလေးတွေနဲ့အတူပြုလုပ်ပေးဖြစ်ပါတယ်။ လတိုင်း လတိုင်း ကလေးတွေရဲ့မွေးနေ့လေးတွေကိုလုပ်ပေးတယ်။

နွေးထွေးမှုနဲ့ချစ်ခြင်းမေတ္တာတွေကို တတ်နိုင်သလောက်အစွမ်းကုန်ဖြည့်ဆည်းပေးချင်တယ်။ ကိတ်လေးတွေကိုအမြဲမြင်ဖူးနေတော့ ဘာလုပ်ရမလဲဆိုတာ ကလေးတွေကသိနေပြီ။

“သားခိုင်ခန့်မောင်ရဲ့ ယနေ့မွေးနေ့မှစပြီး ထူးချွန်ထက်မြတ်ပြီးဘာသာ,သာသနာအကျိုးများဆောင်ရွက်နိုင်သော သားကောင်းရတနာဖြစ်ပါစေလို့မေမေဆုတောင်းပေးပါတယ်❤️❤️❤️” ဆိုပြီး မွေးနေ့ဆုတောင်းပေးထားပါတယ်။

ခိုင်နှင်းဝေက သူမရဲ့ သားသမီးတိုင်းကို ဝမ်းနဲ့လွယ်မမွေးထားခဲ့ပေမယ့် အမေတစ်ယောက်လို နွေးထွေးကြင်နာတဲ့ မေတ္တာတွေကို ပေးစွမ်းနေသူပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ သားသားလေး ခိုင်ခန့်မောင်အတွက် မွေးနေ့ဆုတောင်းစကားလေးတွေ ပြောခဲ့ကြဖို့ မမေ့ပါနဲ့နော်။

Credit-မိုမိုလေး

Facebook Comments

Burmese News