ကိုရီးယားမှာ ခွဲစိတ်ပြုပြင်ထားတဲ့ မျက်နှာကို ထုတ်ပြလိုက်တဲ့ ပရိသတ် အချစ်တော် ထွန်းအိန္ဒြာဗိုလ်

သရုပ်ဆောင်ထွန်းအိန္ဒြာဗိုလ်ဟာဆိုရင် ကိုရီးယားမှာ မျက်နှာခွဲစိတ်ပြုပြင်မှု ခံယူလိုက်ပြီဖြစ်ပြီး သူမခွဲစိတ်ထားတဲ့မျက်နှာကိုလည်း ပရိသတ်ကိုထုတ်ပြလိုက်ပြီဖြစ်ပါတယ်။ လက်ရှိအချိန်ကတော့ မိတ်ကပ်လိမ်းမရသေးပဲ ရောင်နေဦးမှာဖြစ်ပြီး နောက် ၁လ လောက်နေမှ မိတ်ကပ်လိမ်းလို့ရမယ်ဆိုပြီး ထွန်းအိန္ဒြာဗိုလ်က ပြောထားပါတယ်။

မျက်နှာခွဲစိတ်ပြုပြင်မှုအတွက် မူရင်းမျက်နှာပုံစံကိုတော့ နောက် ၆လလောက်နေမှ သိရမှာပါတဲ့။ခွဲစိတ်မှုကို တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ Banobagi Plastic Surgery Clinic မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး သူမမျက်နှာခွဲစိတ်ပြုပြင်မှုအတွက် ပရိသတ်တချို့က စိုးရိမ်ကြောင်း ပြောဆိုထားကြပါတယ်။ သူမကတော့ သူမပရိသတ်တွေ မစိုးရိမ်ကြဖို့ သူမက မျက်ရစ်ခွဲစိတ်ခြင်း၊ အသားအရေ ပြောင်းလဲခြင်း၊ အသားအရေ ပင့်တင်ခြင်း အစရှိတာတွေပဲ လုပ်ဖြစ်တာလို့ ဆိုထားပါတယ်။

လက်ရှိအချိန်မှာ ထွန်းအိန္ဒြာဗိုလ်တစ်ယောက် မျက်ရစ်နေရာမှာ အရောင်ဆုံးဖြစ်နေပြီး မိတ်ကပ်လည်းမလိမ်းရ မျက်နှာရဲ့ ပြောင်းသွားမယ့်ပုံစံအသစ်ကိုလည်း မသိရသေးတော့ စိတ်လှုပ်ရှားနေမှာပဲနော်။ သူမလိုပဲ သူမကိုချစ်တဲ့ ပရိသတ်ကြီးကလည်း မျက်နှာပုံစံလုံးဝကြီးပြောင်းလဲသွားမှာ စိုးရိမ်နေကြတာပဲ ဖြစ်ပါတယ်။

ကဲ ထွန်းအိန္ဒြာဗိုလ်တစ်ယောက် ခွဲစိတ်ပြီး နောက် ၆လအကြာကျရင် ဘယ်လိုမျက်နှာလှလှလေး ဖြစ်လာမလဲဆိုတာ စိတ်ဝင်စားစရာပါပဲနော်။

Credit- we love cele

Facebook Comments

Burmese News