မီးသတ်တပ်ဖွဲ့ဝင်တွေကို လွှတ်ပေးလိုက်ပြီလို့ အေအေ ထုတ်ပြန်ပေမယ့် လက်ခံရရှိခြင်းမရှိသေးဘူးလို့ မီးသတ်တပ်ဖွဲ့ပြော

ရက္ခိုင့်တပ်တော်အေအေဘက်ကနေ အော်ကတိုဘာလ ၁၁ ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေကို နိုဝင်ဘာလ ၆ ရက်နေ့ နေ့လယ် ၂ နာရီမှာ ပြန်လည်လွှတ်ပေးလိုက်ပြီလို့ အေအေဘက်က ထုတ်ပြန်ထားပါတယ်။

No photo description available.

အဲ့ဒီထုတ်ပြန်ချက်အရ ဖမ်းဆီးခံနေရတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ ပြန်လည်လွတ်မြောက်လာခဲ့ပြီလို့ သိရပေတယ့် မီးသတ်ဌာနကို အတရားဝင်အကြောင်းကြားတာမျိုးမရှိသလို လာရောက်အပ်နှံတာတွေလည်းမရှိတဲ့အတွက် အဲ့ဒီမီးသတ်တပ်ဖွဲ့ဝင်တွေကို ဌာနအနေနဲ့ လက်ခံရရှိခြင်းမရှိသေးဘူးလို့ ရခိုင်ပြည်နယ် မီးသတ်တပ်ဖွဲ့ ဒုတိယညွှန်ကြာရေးမှူး ဦးစံရွှေထွန်းက ဘီဘီစီကို ပြောပါတယ်။

Image may contain: 2 people, outdoor

ရက္ခိုင့်တပ်တော်အေအေဘက်ကတော့ သူတို့ဖမ်းဆီးထားတဲ့ မီးသတ်တပ်ဖွဲ့ဝင် ၁၈ ယောက်ကို နိုဝင်ဘာ ၆ ရက်နေ့မှာ မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီး ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ပြန်လည်အပ်နှံခဲ့တာဖြစ်တယ်လို့ အမည်စာရင်းတွေနဲ့ ထုတ်ပြန်ခဲ့တာပါ။
ဖမ်းဆီးခံလိုက်ရတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေထဲမှာ အရာရှိအဆင့်ရှိသူတွေအပါအဝင် စုစုပေါင်း ၁၉ ဦးဖြစ်ပြီး အခုလွှတ်ပေးကြောင်းကြေညာချက်ထဲမှာ ၁၈ သာတွေ့ရတဲ့အတွက် ဒီအပေါ်မှာ မီးသတ်တပ်ဖွဲ့အနေနဲ့ ဘာကြောင့် ကွာဟနေတယ်ဆိုတာကို မပြောနိုင်သေးဘူးလို့ဆိုပါတယ်။

မနေ့ကထုတ်ပြန်ချက်မှာ အေအေအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသူတွေထဲက စစ်ဖက်နဲ့မသက်ဆိုင်သူတွေကို ပြန်လွှတ်ပေးခဲ့တာ လေးကြိမ်ရှိသွားပြီဖြစ်ပြီး လက်ရှိမှာ NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း တစ်ဦးကလွဲလို့ အရပ်သားသုံ့ပန်း တစ်ဦးတစ်ယောက်မှ ဖမ်းဆီးထားတာ မရှိတော့ဘူးလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Credit-ဘီဘီစီ

Facebook Comments

Burmese News