မဆုံးခင် နာရီပိုင်း က ရိုက်ထားတဲ့ ပုံလေးတင်ပြီး ဖေဖေ့အတွက် နောက်ဆုံးစာရေးသား လိုက်တဲ့ သမီး မြတ်စုထွန်းလွင်

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဖြစ်တဲ့ ဦးထွန်းလွင်ဟာ နိုဝင်ဘာလ ၄ ရက်နေ့ ညနေ ပိုင်းမှာ သူချစ်တဲ့ ပြည်သူတွေ မိသားစုတွေနဲ့ အလွန်သံယောဇဉ်ကြီးမားတဲ့ သူ့ရဲ့ အလုပ်ကို စွန့်ခွာပြီး ကွယ်လွန်သွားခဲ့ပြီပဲ ဖြစ်ပါတယ်

အငြိမ်းစားတစ်ဦးဖြစ်ပေမဲ့ မိုးလေဝသ သတင်းတွေကို သူ့ရဲ့ နောက်ဆုံးအချိန်ထိ ထုတ်ပြန်ပေးခဲ့ပြီး ပြည်သူတွေအပေါ် အကျိုးပြုခဲ့တဲ့ တကယ့်ပညာရှင်စစ်စစ်ကြီးတစ်ဦးဖြစ်တာကြောင့် သူကွယ်လွန်သွားတဲ့အပေါ် ပြည်သူတွေက ယူကျုံးမရ ဝမ်းနည်းကြေကွဲခဲ့ကြတာပါ.ခုလည်းပဲ ဦးထွန်းလွင်ရဲ့ သမီးဖြစ်သူက လူမှုကွန်ရက်မှာ ဖေ့ဖေ့အတွက် နောက်ဆုံးစာဆိုပြီး တင်ထားခဲ့တဲ့ စာလေးကြောင့် ဖတ်ရှုရသူအပေါင်း ဝမ်းနည်းစိတ်မကောင်းမျက်ရည်ကျခဲ့ရပါတယ်.သမီးဖြစ်တဲ့ မမြတ်စုထွန်းလွင်ဟာ ဒီစာလေးကို ဦးထွန်းလွင်မဆုံးခင် နာရီပိုင်းအလိုမှာ ရိုက်ခဲ့တဲ့ ဦးထွန်းလွင်ရဲ့ ပုံလေးနဲ့ အတူ တင်ထားခဲ့တာပါ သူတင်ထားတဲ့စာလေးကတော့

“ဖေဖေ့အတွက် နောက်ဆုံးစာ…၆.၁၁.၂၀၁၉ (ဗုဒ္ဓဟူးနေ့) ငယ်စဉ်ကလေးဘဝ ဖေဖေ လေယာဉ်ပေါ်တက်သွားတိုင်း ငါကျန်ခဲ့ပြီဆိုပြီး ငို ငို ခဲ့ဖူးတယ်…နောက်တော့ ခဏတာခရီးပဲလို့ ကျေနပ်တတ်ခဲ့တယ်။လူငယ်အရွယ် ဖေဖေ ဆေးရုံတက်တိုင်း ငါတို့ကို ထားသွားရင်ဆိုပြီးပူဆွေးခဲ့ဖူးတယ်ခုတော့ သံသရာခရီး ဆုံဦးမှာပဲလို့ သတိမပြတ် ဆင်ခြင်မှတ်ပေမယ့်သံယောဇဉ်ထု ကြီးမားလွန်းတော့ မျက်ရည်အလိုလို ကျကျလာတယ်။ဖေဖေ ကောင်းရာသုဂတိလားပါစေ။(မဆုံးခင် နာရီပိုင်းအလိုနောက်ဆုံးရိုက်သွားသောပုံအမှတ်တရ)” ဆိုပြီး ရေးသားခဲ့တာပဲ ဖြစ်ပါတယ်

ပြည်သူတွေချစ်တဲ့ ဦးထွန်းလွင်ဟာ ကွယ်လွန်သွားခဲ့ပြီဖြစ်ပေမဲ့ယခုအချိန်ထိရောနောင် အနာဂတ်တွေအထိပါ နိုင်ငံနဲ့ ပြည်သူအပေါ် ကွယ်လွန်ချိန်ထိ စေတနာအပြည့်နဲ့ အလုပ်အကျွေးပြုခဲ့တဲ့ ပညာရှင်ကြီးဦးထွန်းလွင်ဆိုတဲ့ နာမည်ကိုတော့ ပြည်သူတွေက လုံးဝ မေ့မှာမဟုတ်မှာတော့ အသေအချာပဲ ဖြစ်ပါတယ်ဆရာကြီးကို အားလုံးက သတိရလျက်ပါဗျာ

Credit-SYL

Facebook Comments

Burmese News