Examplez အဖွဲ့ထဲက ညီဝမ်းကွဲဖြစ်သူ သက်အောင်ရဲ့ မင်္ဂလာဆောင်အတွက် ဂုဏ်ပြုပေးလိုက်တဲ့ ထွန်းထွန်း
Examplez အဖွဲ့လို့ဆိုတာနဲ့ 90kids born တွေက ပိုပြီး သတိထားမိကြမယ်ထင်ပါတယ်။ 90 ခုနှစ်နောက်ပိုင်း မွေးဖွားလာသူတွေဟာ လူငယ်အဆိုတော်တွေဖြစ်ကြတဲ့ Examplez၊ No စတဲ့အဖွဲ့တွေရဲ့ သီချင်းတွေနဲ့ ကြီးပြင်းလာခဲ့ကြတာဖြစ်ပါတယ်။ သက်အောင်၊ ထူးအောင်၊ ထွန်းထွန်းနဲ့ ဖြိုးမောင်မောင်တို့ ပါဝင်ဖွဲ့စည်းထားတဲ့ ဒီအဖွဲ့လေးမှာ အိမ်ထောင်ရက်သားတွေကျကုန်ကြပြီးတဲ့သူတွေလည်း ရှိပါတယ်။
ထွန်းထွန်းကတော့ အကယ်ဒမီရပြီးနောက်ပိုင်းမှာလည်း သူချစ်တဲ့အနုပညာအလုပ်တွေကိုပဲ ဆက်လက်လုပ်ကိုင်နေပြီးတော့ လက်ရှိမှာလည်း သူ့ကိုသိပ်ချစ်တဲ့ သူသိပ်ချစ်ရတဲ့ Relationship တစ်ခုကိုပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ ဒီနေ့လေးဟာ Examplez အဖွဲ့ထဲက အဖွဲ့ဝင်တစ်ဦးဖြစ်သူ သက်အောင်ရဲ့ မင်္ဂလာဆောင်နေ့လေးပဲဖြစ်ပါတယ်။
သက်အောင်ဟာ အဆိုတော်ထွန်းထွန်းနဲ့ ညီအစ်ကိုတော်စပ်သူတစ်ဦးလည်းဖြစ်ပါတယ်။ ဒီနေ့မှာ မင်္ဂလာပွဲကျင်းပခဲ့တဲ့ သက်အောင်အတွက် အစ်ကိုဖြစ်သူက ယခုလိုပဲ မင်္ဂလာဆုတောင်း လှလှလေးကို ဆုတောင်းပေးခဲ့ပါတယ်။
တစ်ဝမ်းကွဲညီအစ်ကို(ဖေဖေ့ဘက်က)တွေအားလုံးထဲမှာ အငယ်ဆုံးကောင်. ကျွန်တော်ထက် ၅လပဲငယ်တော့ ညီအစ်ကိုထက်သူငယ်ချင်းလိုပဲ ပေါင်းခဲ့ကြတယ်. ဆော့ခဲ့ကြတယ်. ရန်ဖြစ်ငြင်းခုန်ပြန်ခေါ်ပြန်သတ် စုံနေတာပဲ. EXAMPLEZ အဖွဲ့လုပ်တော့လည်းအတူတူအနုပညာခရီးလမ်းမှာလျှောက်ခဲ့ကြတယ်. သီချင်းတွေဆိုခဲ့ကြတယ်. အနိမ့်အမြင့်အတက်အကျကိုအတူတူရင်ဆိုင်ခဲ့ကြတယ်.
နောက်ကားဖြစ်တဲ့ ဒင်းက ဒီကနေ့မှာတော့ ရှေ့ကားကိုတိတိကျကျကျော်တတ်သွားပီ. ဒီကောင်တော်တော်ပျော်နေမယ်ဆိုတာ ဓါတ်ပုံထဲကရုပ်ကိုကြည့်ရင်သိနိုင်ပါတယ်. ညီမလေးစံစံလည်း အရမ်းပျော်နေမှာပါ. သာယာအေးချမ်းတဲ့မိသားစုဘဝကိုတည်ဆောက်ကြပါ. တူ/တူမလေး ချီချင်တယ် မြန်မြန်မွေးကြပါ.အိမ်ထောင်ကျပီဆိုတော့ အရင်လိုငါတို့နဲ့ဆုံဖို့ ပိုခက်ပီပေါ့.(ကောက်ကြီးနဲ့ထူးကျော်တုန်းကလည်းအဲ့လိုပဲ).ချောက်မြို့မှာရိုက်ကူးရေးကပြန်လာမရလို့ ဒီနေ့ပွဲကိုမလာနိုင်တာကိုနားလည်ကြပါ. ၉ ရက်နေ့မှ တွေ့ကြမယ် ညီလေးနဲ့ညီမလေးရေ.၂ယောက်စလုံး ကျန်းမာရွှင်လန်းကြပါစေအိုအောင်မင်းအောင်ပေါင်းကြပါစေ Super CONGRATULATIONS ?
ကဲ…သက်အောင်ရဲ့ပရိသတ်တွေလည်း အဆိုတော်သက်အောင်နဲ့ မစံထက်အောင်ဝင်းတို့ရဲ့ မင်္ဂလာပွဲလေးအတွက် ဂုဏ်ပြုစကားလေးပြောပေးခဲ့ကြပါဦးနော်။
Credit-We Love Cele