Myanmar Idol Season 4 ရဲ့ Rock Week မှာအကောင်းဆုံးသီဆိုယှဉ်ပြိုင်သွားခဲ့တဲ့ အေးမြဖြူ

Last modified date

လက်ရှိ Myanmar Idol Season 4 ပြိုင်ပွဲမှာ ဝင်ပြိုင်နေတဲ့ အေးမြဖြူဆိုတာကတော့ တစ်ချိန်က မြန်မာသံစဉ်လေးတွေနဲ့ ကလေးသီချင်းဆိုပြိုင်ပွဲတွေမှာ အမြဲလို ဆုရရှိခဲ့သူဖြစ်ပြီး ရုပ်ရှင်ဇာတ်လမ်းတွေမှာလည်း ကလေးသရုပ်ဆောင်အနေနဲ့ နာမည်ကြီးခဲ့သူတစ်ဦး ဖြစ်ပါတယ်။

သူမက လက်ရှိမှာ ၁၀ တန်းကလေးတွေကို စာသင်ပေးရတဲ့ ဆရာမအလုပ်လုပ်ကိုင်နေသူဖြစ်ပြီး တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူး ၃ဘာသာနဲ့အောင်မြင်ခဲ့တာလည်း ဖြစ်ပါတယ်။ ယခုအခါမှာတော့ ငယ်စဉ်ကတည်းက ဝါသနာကြီးခဲ့တဲ့ အဆိုကို ပြန်လည်အသက်သွင်းတဲ့အနေနဲ့ MMID season 4 မှာ ပါဝင်ယှဉ်ပြိုင်လာခဲ့တာပါ။

ဒီကနေ့မှာတော့ အေးမြဖြူဟာ Myanmar Idol Season 4 ရဲ့ ROCK Week မှာအကောင်းဆုံးသီဆိုယှဉ်ပြိုင်သွားခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် အေးမြဖြူရဲ့ သီဆိုယှဉ်ပြိုင်မှု ပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။

Facebook Comments

Burmese News