ငယ်သူငယ်ချင်း မင်္ဂလာဆောင်မှာ လွတ်လပ်ပျော်ရွှင်စွာတွေ့ရတဲ့ ဝတ်မှုံရွှေရည်

မင်းသမီးချော ဝတ်မှုံရွှေရည်က တစ်နိုင်ငံလုံးက ပရိသတ်တွေ သည်းသည်းလှုပ် ချစ်ခြင်းကို ခံရသူလေး ဖြစ်ပါတယ်။ အနုပညာမှာသာ ထူးချွန်ရုံမကပဲ ပေါင်းသင်းဆက်ဆံရေးမှာလည်း မာန်မာနမရှိ ပွင့်လင်းလွန်းတာကြောင့် လူချစ်လူခင် ပေါများသူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ဝတ်မှုံရွှေရည်ရယ်လို့ အခုချိန်ထိ နာမည်တစ်လုံးနဲ့ ရပ်တည်နေတာပဲ ဖြစ်ပါတယ်။

မနေ့က နိုဝင်ဘာလ (၇) ရက်နေ့မှာတော့ ဝတ်မှုံရွှေရည်က သူမရဲ့ အရင်းနှီးဆုံး ငယ်သူငယ်ချင်းရဲ့ မင်္ဂလာဆောင်ကို တက်ရောက်ဖို့ ပြင်ဦးလွင်မြို့ကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။

ထိုမင်္ဂလာဧည့်ခံပွဲလေးမှာ ဝတ်မှုံရွှေရည်က သူမရဲ့ ငယ်ငယ်ကတည်းက ရင်းနှီးရတဲ့ သူငယ်ချင်းအရင်းကြီးတွေနဲ့ ပြန်လည်ဆုံတွေ့ပြီး ပျော်ရွှင်နေတာကို တွေ့မြင်ရပါတယ်။

ဝတ်မှုံရွှေရည်ကတော့ သူငယ်ချင်းတွေနဲ့တွေ့တော့ သူမကိုယ်သူမ နိုင်ငံကျော် မင်းသမီးဆိုတာကို တဒဂ္ဂမေ့ထားပြီး လွတ်လပ်စွာ ပြောဆိုနေထိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်ကတော့ ဘယ်အချိန်ကြည့်ကြည့် လှနေတာပဲနော်။ ပရိသတ်ကြီးလည်း ဝတ်မှုံရွှေရည်နဲ့ သူငယ်ချင်းတွေရဲ့ ပျော်ရွှင်စရာပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Credit-မိုမိုလေး

Facebook Comments

Burmese News