ဖေဖေဖြစ်သူနေမျိုးအောင်ကို I Phone 11 promax မွေးနေ့လက်ဆောင်ပေးပြီးအံ့ဩစေခဲ့တဲ့ မင်းထိုက်

နေမျိုးအောင်ဟာ ဗီဒီယိုခေတ်ကတည်းက အောင်မြင်ကျော်ကြား လူကြိုက်များခဲ့တဲ့ မင်းသားတစ်ယောက်ဖြစ်ပါတယ်။ သူရဲ့ ပီပြင်လှတဲ့ သရုပ်ဆောင်ချက်တွေနဲ့ အတူ အနုပညာပါရမီပါမှုတွေကြောင့် ပရိသတ်တွေအားပေးလက်ခံကြတာပဲဖြစ်ပါတယ်။ ဇာတ်ကားပေါင်းများစွာ ရိုက်ကူးနေပြီး ဇာတ်ကားတွေထဲမှာ ပီပြင်စွာ သရုပ်ဆောင်မှုတွေကြောင့် သဘာဝမင်းသားကြီးအဖြစ် ပရိတ်သတ်တွေရဲ့ အားပေးမှုရရှိထားသူလည်းဖြစ်ပါတယ်။

နိုဝင်ဘာ ၇ ရက်နေ့က နေမျိုးအောင်ဟာ မွေးနေ့ကျရောက်ခဲ့တာဖြစ်ပြီး ထိုနေ့ညကပဲ မိသားစုနဲ့ အတူမွေးနေ့ပွဲကိုကျင်းပခဲ့တာလည်းဖြစ်ပါတယ်။ မွေးနေ့ပွဲမှာ နေမျိုးအောင်ရဲ့ သားဖြစ်သူမင်းထိုက်က အဖေဖြစ်သူကို မွေးနေ့လက်ဆောင်အဖြစ် I Phone 11 promax ကို လက်ဆောင်ပေးခဲ့တာလည်းဖြစ်ပါတယ်။

သားဖြစ်သူမင်းထိုက်ဟာလည်း အဖေ့သွေးပါသူတစ်ယောက်ပီပီ အနုပညာအလုပ်တွေကိုလုပ်ကိုင်နေတာလည်းတွေ့ရပါတယ်။ နေမျိုးအောင်ဟာ လက်ရှိမှာ သားလေးနှစ်‌ယောက်နဲ့ အတူတူ သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကိုတည်ဆောက်ထားသူလည်းဖြစ်ပါတယ်။

နေမျိုးအောင်ဟာ လက်ရှိမှာလည်း ဇာတ်ကားပေါင်းများစွာရိုက်ကူးနေပြီး တစ်ဖက်မှာလည်း မိသားစုဘဝကို ခိုင်ခိုင်မာမာတည်ဆောက်ထားသူဖြစ်ပါတယ်။ပရိသတ်တွေလည်း နိုဝင်ဘာ ၇ နေ့ကကျရောက်ခဲ့တဲ့ သဘာဝမင်းသားကြီးနေမျိုးအောင်မွေးနေ့ အတွက်ဆုတောင်းပေးလိုက်ကြပါအုံးနော်။ အဆုံးထိဖတ်ရှုပေးတဲ့ အတွက် ကျေးဇူးတင်ရှိပါတယ်။

Credit-မိုမိုလေး

Facebook Comments

Burmese News