ဒီကနေ့ အိမ်ကို အလည်ပြန်လာတဲ့ ပရိသတ် အချစ်တော် ခေးလေး
ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ဆွဲဆောင်မှုတဲ့ အလှလေးတွေကြောင့် အားလုံးကချစ်နေရတဲ့ ကောင်မလေးကတော့ မော်ဒယ် ယွန်းဝတီလွင်မိုးပါ။ သူမဟာ ယခုချိန်မှာတော့ ချစ်စရာသားလေးရဲ့ မေမေ တစ်ဦးဖြစ်လာပြီ ဖြစ်ပြီး အေးချမ်းပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားသူလေးပါ။ သားလေးဟာလည်း ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကို အပြည့်အဝရရှိထားတာပါ။
ယွန်းဝတီလွင်မိုးတို့ဇနီးမောင်နှံဟာ ဩစတေးလျနိုင်ငံမှာ ပညာသွားရောက်သင်ကြားနေတာပါ။ အခုမှာတော့ ကျောင်းပိတ်ရက်ရောက်ပြီဖြစ်တာကြောင့် သားလေးနဲ့တွေ့ဆုံရန် မြန်မာနိုင်ငံကို ပြန်လာနေကြတာပါ။ သူတို့နှစ်ယောက်ဟာ သားလေးကိုတွေ့ဆုံရတော့မှာ ဖြစ်တဲ့အတွက် ပျော်ရွှင်နေကြတာပါ။
ဒီကနေ့၊ နိုဝင်ဘာလ (၈) ရက်နေ့မှာ မြန်မာပြည် အလည်ပြန်လာခဲ့တဲ့ သရုပ်ဆောင် ယွန်းဝတီလွင်မိုး ကို သွားရောက်ကြိုဆိုခဲ့တဲ့ လွင်မိုးတို့ မိသားစု ပုံရိပ်လေးတွေပါ။
Photo Credit : Myanmar Celebrity