ထာဝရနှောင်ကြိုး ရုပ်ရှင်ကားကြီးနှင့်ပတ်သက်ပြီး နာမည်ကြီးမီဒီယာတစ်ခုကို အပြင်းအထန်ကန့်ကွက်ရှုံ့ချ

ဒါရိုက်တာခရစ္စတီးနားခီဖန်တီးပုံဖော်ရိုက်ကူးထားတဲ့ ထာဝရနှောင်ကြိုး Now & Ever ရုပ်ရှင်ဇာတ်ကားသည် ရုံမတင်ခင်တည်းက ပရိသတ်တွေရဲ့ အကြိုက်နှင့် ထပ်တူကျနေခဲ့သည်။

Image may contain: 2 people, wedding

ဥပါယ်တံမျဉ်နှင့် မုဒြာခေါ်သံ ထိုရုပ်ရှင် (၂) ကားဟာလည်း ပရိသတ်အားပေးမှုသောသောညံခဲ့သော ရုပ်ရှင်ဇာတ်ကားများဖြစ်ခဲ့သည်။ ထိုရုပ်ရှင် (၃) ကားလုံးကို ဖန်တီးထားသူမှာ ဒါရိုက်တာခရစ္စတီးနားခီ ပင်ဖြစ်သည်။ မြန်မာ့ရုပ်ရှင်လောကရဲ့ အရွေ့တစ်ခုကို တစ်ထောင့်တစ်နေရာကနေ တွန်းနေကြသူ အနုပညာရှင်များဟုပင် ပရိသတ်တွေက တင်စားထားကြတာဖြစ်ပါတယ်။

Image may contain: 6 people, people smiling, people standing, sky and outdoor

Image may contain: 5 people, people smiling, people standing, sky, outdoor and nature

ဥပါယ်တံမျဉ်နှင့် မုဒြာခေါ်သံ ဇာတ်ကားများ ရုံတင်ပြသချိန်မှာလည်း အောင်မြင်သလောက် ရိုက်ခတ်မှုအချို့ရှိခဲ့တာကိုလည်း တွေ့ရပါတယ်။ ယခုတတိယမြောက်ဇာတ်ကားဖြစ်တဲ့ ထာဝရနှောင်ကြိုးဇာတ်ကားကြီးကိုတော့ ရုံမတင်မီအချိန်ကပင်စပြီး ဇာတ်လမ်း၊ ဇာတ်ကွက်များကို မဖော်ပေးကြဖို့ ဖန်တီးသူဖြစ်တဲ့ ဒါရိုက်တာခရစ္စတီးနားခီက မေတ္တာရပ်ခံထားတာဖြစ်ပါတယ်။

Image may contain: 6 people, people smiling, people standing

သို့သော်လည်း နာမည်ကြီးမီဒီယာတစ်ခုမှ ဖေ့ဘုတ်စာမျက်နှာပေါ်တွင်လည်းကောင်း၊ သတင်းဂျာနယ်တွင်လည်းကောင်း ဇာတ်လမ်း၊ ဇာတ်ကွက်တစ်ခုမကျန်ရေးသားဖော်ပြထားမှုကြောင့် Central Base Productions မှ အပြင်းအထန် ကန့်ကွက်ရှုံ့ချကြောင်း ကြေငြာချက်တစ်ရပ်ကို ယနေ့ နိုဝင်ဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်ကြေငြာခဲ့တာတွေ့ရပါတယ်။

Image may contain: text

Photos-Central Base Productions

Facebook Comments

Burmese News