မိသားစုနဲ့ ချောင်းသာကမ်းခြေမှာ အပန်းဖြေခဲ့တဲ့ ပုံရိပ်တွေကို ပြသလိုက်တဲ့ မြတ်ရတနာကျော်
အရမ်းကို လိုက်ဖက်ညီတဲ့ အဆိုတော် Ah boy နဲ့ မင်းသမီးချောလေး မြတ်ရတနာကျော်တို့ ဇနီးမောင်နှံနှစ်ဦးကတော့ တစ်ဦးနဲ့တစ်ဦး နားလည်မှုအပြည့်နဲ့ရှေ့ဆက်နေကြတာပါ။ လတ်တလောမှာတော့ မြတ်ရတနာကျော်က သူမတို့ဇနီးမောင်နှံနှစ်ဦးရယ် ချစ်ရတဲ့ သမီးလေး စကားလက်ဖြိုးထွန်းရယ်နဲ့အတူ ချောင်းသာကမ်းခြေသို့ အပန်းဖြေခရီး ထွက်ခဲ့တုန်းက ပုံလေးတွေကိုဝေမျှပေးထားတာပါ။ မိုမိုလေးချစ်ပရိသတ်တွေအတွက်မြင်ရုံနဲ့တင်ကြည်နူးမှုတွေကူးစက်စေမယ့် Ah boyနဲ့မြတ်ရတနာကျော်တို့ မိသားစုသုံးယောက်ရဲ့ပုံရိပ်တွေကိုဖော်ပြပေးလိုက်ပါတယ်နော်။
မိုမိုလေးချစ်ပရိသတ်တွေအတွက် အရမ်းကို ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ Ah boy နဲ့ မြတ်ရတနာကျော်တို့ မိသားစုလေးရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
မြတ်ရတနာကျော်ကတော့ “ချောင်းသာသွားတုန်းက အချစ်တွေနဲ့ ပုံလေးတွေ ♥️♥️” ဆိုပြီး မိသားစုနဲ့ ချောင်းသာသွားခဲ့တဲ့ အမှတ်တရ ပုံရိပ်လှလှလေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။
စကားလက်လေးကလည်း ပဲတွေပေးတတ်နေပြီနော် ချစ်ဖို့ကောင်းချက်ပဲ
Ah boy နဲ့ မြတ်ရတနာကျော်တို့နှစ်ဦးကတော့ ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့က အခမ်းနားဆုံး ထိမ်းမြားလက်ထပ်ခဲ့ကြတာဖြစ်ပြီး ၂၀၁၈ စက်တင်ဘာလ ၁၃ရက်နေ့မှာတော့ သမီးလေး Scarlett ကိုမွေးဖွားခဲ့တာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း ချစ်စရာကောင်းတဲ့ သမီးလေးရယ် ခင်ပွန်းရယ်နဲ့အတူ အနာဂတ်ခရီးကိုရှေ့ဆက်မယ့်Ah boy နဲ့ မြတ်ရတနာကျော်ကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Credit-> MoMoLay