ကင်ဆာမှန်သမျှကို အမြစ်ပြတ်စေမယ့် ဗိုင်းရပ်စ်တစ်မျိုး သြဇီသိပ္ပံပညာရှင်များ ဖန်တီးနိုင်ခဲ့ပြီ

သြဇီအခြေစိုက် Viralytics Ltd ကုမ္ပဏီက လူသားအကျိုးပြုဗိုင်းရပ်စ်တစ်မျိုးကို တီထွင်နိုင်ခဲ့ပြီလို့ သိရပါတယ်။ အဲဒီဗိုင်းရပ်စ်ဟာ လူကို ဘေးဥပါဒ်မဖြစ်စေဘဲ ကင်ဆာရောဂါမှန်သမျှကို အမြစ်ပြတ်တိုက်ထုတ်နိုင်မယ်လို့ ဆိုပါတယ်။ ဒီအကြောင်းကို LadBible က ဖော်ပြထားတာပါ။ အဲဒီဗိုင်းရပ်စ်ကို နှစ်ကာလများစွာ သုတေသနပြု ဖန်တီးခဲ့တာဖြစ်ပြီး၊ အပြုသဘောဆောင်တဲ့ ရလဒ်တွေ ရခဲ့တယ်လို့ သိရပါတယ်။ ကနဦးက Herpes virus အမျိုးအစားကို မော်ဒီဖိုင်း(Modify) လုပ်ပြီး၊ လောလောဆယ်တော့ အရေအပြားကင်ဆာ ကုထုံးကို စမ်းသပ်ကြည့်ရာ အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် နွားကျောက်ရောဂါကို ဖြစ်စေတဲ့ Cowpox ဗိုင်းရပ်စ်ကို အသွင်ထပ်မံပြောင်းလဲလိုက်ပြီး၊ ကင်ဆာကုထုံးတွေမှာ အခြေခံဆေးအဖြစ် စမ်းသပ်ခဲ့ပါတယ်။ အဲဒီဆေးကိုတော့ CF33 လို့ အမည်ပေးထားပြီး၊ ကြွက်တွေကို ကနဦးစမ်းသပ်တဲ့အခါမှာ ကင်ဆာဆဲလ်တွေကို ဒီဆေးက တိုက်ဖျက်နိုင်ခဲ့ပါတယ်။ အခုဆို အဲဒီဆေးနဲ့ လူသားကင်ဆာဝေဒနာရှင်တွေကို စမ်းသပ်ဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။ သူတို့ စမ်းသပ်မယ့် ကင်ဆာအမျိုးအစားတွေကတော့ ရင်သားကင်ဆာ၊ Melanoma လို့ခေါ်တဲ့ အရေပြားကင်ဆာတစ်မျိုး၊ အဆုတ်ကင်ဆာ၊ သည်းခြေကင်ဆာ၊ အူမကြီးနဲ့ ဝမ်းဗိုက်အတွင်းပိုင်းကင်ဆာတွေ ဖြစ်ပါတယ်။

ဒီအကြောင်းကို အမေရိကန်က ကင်ဆာအထူးကုကျွမ်းကျင်ပညာရှင် Yuman Fong ကလည်း ထောက်ခံထားပြီး (၁၉၀၀)ခုနှစ်လောက်ကတည်းက တစ်ချို့ဗိုင်းရပ်စ်တွေဟာ ကင်ဆာဆဲလ်တွေကို တိုက်ဖျက်နိုင်ခဲ့ကြောင်း အထောက်အထားတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။အခု ကုထုံးကတော့ ဗိုင်းရပ်ကို ကင်ဆာအကျိတ်ထဲ တိုက်ရိုက်ထိုးသွင်းတဲ့ ကုထုံးဖြစ်ပြီး၊ ကင်ဆာဆဲလ်တွေကို အချိန်အနည်းငယ်အတွင်းမှာ ထိုးသွင်းလိုက်တဲ့ ဗိုင်းရပ်စ်က တိုက်ဖျက်သွားမှာပါ။ ဒီသတင်းဟာ ကင်ဆာဝေဒနာသည်တွေအတွက် အပြုသဘောဆောင်လိမ့်မယ်လို့ ယူဆရပါတယ်။

Credit-> D Nae Khit Media

Facebook Comments

Burmese News