ခင်ပွန်းဖြစ်သူရိုက်ပေးထားတဲ့ အမိုက်စားပုံရိပ်တွေကို မျှဝေလာတဲ့ စမိုင်းလ်

ချစ်စရာကောင်းတဲ့ အပြုံးလေးတွေရဲ့ ပိုင်ရှင် စမိုင်းလ်က တစ်ခေတ်တစ်ခါက အနုပညာလောကမှာ လျှမ်းလျှမ်းတောက် နာမည်ကြီးသူတစ်ဦးပါ။ စမိုင်းလ်က ခင်ပွန်းဖြစ်သူ ကိုပြည့်မောင်နဲ့အတူတူ အိမ်ထောင်ကျပြီး သမီးလေးနှစ်ယောက်ကို မွေးဖွားထားတာ ဖြစ်ပါတယ်။

စမိုင်းလ်က အသက်အရွယ် တစ်ခုရောက်လာပြီးတဲ့နောက်မှာ အနုပညာလုပ်ငန်းတွေထက် စီးပွားရေးလုပ်ငန်းတွေကို ခင်ပွန်းဖြစ်သူနဲ့ အတူတူ တွဲဖက်ပြီး လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

စမိုင်းလ်တို့ ဇနီးမောင်နှံက ခရီးလည်းသွားရင်း အလုပ်ကိစ္စလည်းလုပ်ရင်း သာယာပျော်ရွှင်တဲ့ အမှတ်တရတွေကို ဖန်တီးခဲ့တာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ စမိုင်းလ်က ခင်ပွန်းဖြစ်သူ ကိုပြည့်မောင် ရိုက်ပေးထားတဲ့ ရင်သပ်ရှုမောဖွယ် ပုံရိပ်တွေကို ပရိသတ်တွေအတွက် အခုလိုပဲ မျှဝေဖော်ပြပေးထားပါတယ်။

စမိုင်းလ်ကတော့ သူမရဲ့ နိုင်ငံခြား ခရီးစဉ်မှာ တော်တော်လေး ပျော်ရွှင်ခဲ့ရပုံပါပဲနော်။ ပရိသတ်ကြီးလည်း စမိုင်းလ်ရဲ့ အမိုက်စား ပုံရိပ်တွေကိုကြည့်ပြီး အပျော်တွေ ကူးစက်သွားမယ် ထင်ပါတယ်နော်။

Credit -> MoMoLay

Facebook Comments

Burmese News