ကျုံဒိုးမြို့ တန်ဆောင်တိုင်ပွဲတော် လုံခြုံရေး ရဲကင်းလှည့်ကားအား လက်ပစ်ဗုံး ပစ်သွင်းသွားသဖြင့် ၄ဦး သေဆုံး
ကျုံဒိုးမြို့ တန်ဆောင်တိုင်ပွဲတော် လုံခြုံရေး ရဲကင်းလှည့်ကားအား လက်ပစ်ဗုံး ပစ်သွင်းသွားသဖြင့် ၄ဦး သေဆုံး ကနဦး သတင်းရရှိ
ကျုံဒိုးမြို့ တန်ဆောင်တိုင်ပွဲတော် လုံခြုံရေးရဲကင်းလှည့်ကားကို နိုဝင်ဘာ ၁၁ ရက် ည ၈:၃၀ လောက်မှာ ဆိုင်ကယ် စီးနင်းလာသူတစ်ဦးက လက်ပစ်ဗုံး ပစ်သွင်းသွားလို့ ၄ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။ကျုံဒိုးမြို့တန်ဆောင်တိုင်ပွဲ တော်ကျင်းပနေတဲ့ ကျုံဒိုး ဈေးပိုင်းထိပ် နေရာမှာ ကျုံဒိုးရဲစန်းက လုံခြုံရေးယာဉ်နဲ့ လှည့်လည့်နေစဉ် ဆိုင်ကယ်စီးနင်းလာသူက လုံခြုံရေးယာဉ်နောက်ခန်းအတွင်းကို လက်ပစ်ဗုံးလို့ ယူဆရတဲ့ပေါက်ကွဲပစ္စည်း ပစ်သွင်းခဲ့တာပါ။
အဲ့ဒီလို ပစ်သွင်းခဲ့တဲ့အတွက် ရဲကားအတွင်း ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး ရဲကားပေါ်လိုက်ပါလာတဲ့ ရဲ ၂ ယောက်နဲ့ အနီးရှိ အရပ်သား ၂ ယောက် သေဆုံးခဲ့ပါတယ်။ ၁၀ဦးခန့် ဒဏ်ရာရရှိပြီး ပြင်းထန်ဒဏ်ရာ ရရှိသူ ကျုံဒိုးရဲစခန်းမှုး အပါအဝင် အခြားသူတွေကို ဘားအံဆေးရုံသို့ လွှဲပြောင်း ကုသဖို့ ပြင်ဆင်နေတယ်လို့ ပွဲတော်ကျင်းပရေး စီစဉ် နေသူတွေဆီက သိရပါတယ်။
ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ကရင်ပြည်နယ် ရဲတပ်ဖွဲ့ မှုးကြီး အောင်မြတ်မိုးနဲ့ နယ်မြေခံ အပစ်ရပ်အဖွဲ့တွေပူးပေါင်းလိုက်လံ ရှာဖွေစစ်ဆေးနေပြီး ကျူးလွန်သူကို ဖမ်းဆီးနိုင်ဖို့ ဆောင်ရွက်နေပါတယ်။
Credit-ဒီဗွီဘီ