လပြည့်နေ့လေးကို ကောင်းမှုကုသိုလ်တွေပြုလုပ်ပြီးဖြတ်သန်းနေတဲ့ ခြူးလေး

ဒီနေ့ နိုဝင်ဘာလ (၁၁)ရက်နေ့လေးကတော့ မြန်မာလူမျိုးတို့ရဲ့ နေ့ထူးနေ့မြတ်လေးဖြစ်တဲ့ တန်ဆောင်မုန်းလပြည့်နေ့လေးပဲဖြစ်ပါတယ်။ ဒီနေ့လေးမှာတော့ မြန်မာလူမျိုးတို့ရဲ့ ဓလေ့ ထုံးတမ်းအရ ကောင်းမှုကုသိုလ်တွေပြုလုပ်ပြီး ဖြတ်သန်းနေကြတာဖြစ်ပါတယ်။ဒီလိုနေ့လေးမှာ ပရိသတ်တွေရဲ့အချစ်တော်တစ်ဦးဖြစ်တဲ့ မင်းသမီးချောလေး ခြူးလေးကလည်း ကုသိုလ်ကောင်းမှုတွေပြုလုပ်ပြီးတစ်နေ့တာကိုဖြတ်သန်းနေတဲ့အကြောင်းကို သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြလာပါတယ်။

အပြုံးချိုချိုလေးတွေနဲ့ ပရိသတ်တွေအားလုံးကိုဖမ်းစားထားနိုင်သူကတော့ မင်းသမီးချောလေး ခြူးလေးပါ။ သူမဟာ MRTV-4 ရုပ်သံဇာတ်လမ်းတွဲများတွင် သရုပ်ဆောင်ရာမှတစ်ဆင့် လူသိများလာသူတစ်ယောက်ပါ။ ခြူးလေးဟာ ရုပ်ရှင်ဇာတ်ကားကြီးများတွင်ပါ ပါဝင်သရုပ်ဆောင်နေရတာပါ။

ခြူးလေးကတော့ ဒီလပြည့်နေ့လေးမှာ မြန်မာနိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ နေပြည်တော်မြို့ကိုရောက်ရှိနေတာဖြစ်ပြီး နေပြည်တော်ထာဝရငြိမ်းချမ်းရေး စေတီတော်မြတ်ကြီး ထက်ဌာပနာတော်သွင်း ရွှေထီးတော်တင် နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားမှာ ကုသိုလ်ယူပါဝင်ဆောင်ရွက်နေတာပဲဖြစ်ပါတယ်။ဒီမဟာမင်္ဂလာ အခမ်းအနားကိုတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ခဲ့တာဖြစ်ပြီး ခြူးလေးအပြင် နေတိုး၊ထွန်းထွန်း၊မိုးယံဇွန်၊သားညီတို့နဲ့ အခြားသော အနုပညာလောကသားတွေလည်းပါဝင်ကုသိုလ်ယူခဲ့ကြပါသေးတယ်။

ခြူးလေးကို ချစ်ခင်ပြီးအားပေးတဲ့ ပရိသတ်တွေကတော့ခြူးလေးတစ်ယောက်ပြုလုပ်ခဲ့တဲ့ ကောင်းမှုကုသိုလ်တွေကိုကြည့်ရှု့ပီတိဖြစ်ကာ သာဓုခေါ်ဆိုနေကြတာကိုလည်းတွေ့ရပါတယ်။CeleGabar ပရိသတ်ကြီးတွေလည်း ခြူးလေးတစ်ယောက်ပြုလုပ်တဲ့ ကုသိုလ်တွေကို ထပ်တူထပ်မျှသာဓုခေါ်နိုင်အောင်မျှဝေပေးရင် လပြည့်နေ့တစ်နေ့တာကို ဘယ်လိုဖြတ်သန်းနေလည်းဆိုတာလေးတွေကို ဖြေသွားပေးခဲ့ပါဦးနော်။

Source – Chue Chue, CeleGabar

Facebook Comments

Burmese News