အမြင့်ကားဈေးကွက်အေးနေသော်လည်း လူကြိုက်များသည့် ဂျပန်တစ်ပတ်ရစ်ကားဈေးများ ကျဆင်းခြင်းမရှိ
၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ စ၍ယာဉ်ပိုင်ရှင်အမည်ပေါက်မှန်ကန်မှသာ ယာဉ်သက်တမ်းတိုး ဆောင်ရွက်ရမည်ဖြစ်၍ ကျပ်သိန်း ၄၀ဝ ဝန်း ကျင်နှင့်အထက် အမြင့်ကား ဈေးကွက် အေးစက်လာသော်လည်း တစ်ပတ်ရစ်ဂျပန်ကားဈေးများကျဆင်းခြင်းမရှိ ကြောင်း ရန်ကုန်ကားအရောင်းအဝယ်ဈေးကွက်အတွင်းမှ သိရသည်။
သို့ဖြစ်ရာအခွန်ပေးသွင်း၍ အမည် ပေါက်ထားပြီးဖြစ်သဖြင့် မိမိအမည်ပေါက်ဖြင့် အခွန်များစွာပေးဆောင်ထားသည့် အမြင့်ကားဈေးကွက်မှာ အရောင်းအဝယ်အေးစက်လာပြီး သိန်း ၃၀ဝ အောက် ဂျပန်တစ်ပတ်ရစ် ကားလေးများမှာ အရောင်းအဝယ်ပုံမှန် ဖြစ်ကာ ဈေးနှုန်းကျဆင်းခြင်းမရှိ ကြောင်း သိရသည်။
“လာမယ့်နှစ်ကစပြီး ကိုယ့်ပိုင်တဲ့ ကားကို နာမည်ပေါက်လိပ်စာအမှန်လုပ်ရမယ်လို့ ကညနက ကြေညာလိုက် တော့ တန်ဖိုးကြီးကားဈေးကွက်ကနည်း နည်းအေးသွားတယ်။ ဒါပေမဲ့ သိန်း ၃၀ဝ အောက်ကားလေးတွေကအရောင်း အဝယ်ပုံမှန်ဖြစ်နေတယ်။ ကားပိုင်ရှင် နာမည်နဲ့ နေရပ်လိပ်စာအမည်ပေါက်ရတော့ အခွန်ကလည်း ကားတန်ဖိုး ကြီးရင်ကြီးသလိုဆောင်ရတော့ ကိုယ်နာမည်ပေါက်တဲ့ ကားကို ချက်ချင်းရောင်းတာမျိုးသိပ်ရှိတော့မှာ မဟုတ်ဘူး။ မဖြစ်မနေ ငွေလိုတယ်ဆိုရင်တော့ ပြန်ရောင်းမှာပါ။ နာမည်ပေါက်လုပ်ပြီး အခွန်သုံးရာခိုင်နှုန်းဆောင်ထားတဲ့ကားကို နောက်လူရောင်း မယ်ဆိုရင် နောက်လူကလည်း အခွန်ဆောင်ထားတဲ့ အခွန်စိမ်းရှိရင်တော့ အရောင်းအဝယ်ဖြစ်တာပေါ့။ ဂျပန်တစ်ပတ်ရစ်ကားဈေးက အမြင့်ဆုံးဖြစ်နေတာက အခုလိုအမည်ပေါက်လုပ်တာနဲ့တော့ ကားဈေးကမကျနိုင်ဘူး။ ဂျပန်ကားက ဒီနိုင်ငံက လူတွေ ကြိုက်ကြတော့ ကားသွင်းတာမရှိဘဲ ရှား လာတာတို့ အရောင်းအဝယ်သိပ်မဖြစ်တော့ရင် ကားဈေးက ဆက်ပြီး မာနေဦးမှာပဲ”ဟု လှိုင်ယာဉ်ရောင်း ဝယ်ရေးစခန်း၌ ကားအရောင်းအဝယ်ပြုလုပ်နေသူ ဦးအောင်ဇော်မင်းက ပြောသည်။
လာမည့်နှစ်တွင်လည်း ဂျပန်ညာ မောင်းကားတင်သွင်းခွင့်မရှိတော့၍ လက်ကျန်တင်သွင်းထားသော အင်ဂျင်ပါဝါအနိမ့်ကားများဖြစ်သည့် ကျပ် သိန်း ၂၀ဝ ဝန်းကျင်ရှိ Honda Fit, Probox, Toyota Succeed, Toyota Vitz,Toyota Belta, Toyota Fielder, Wish, Axio, Toyota Mark IIကားများနှင့် လုပ်ငန်းသုံးအင်ဂျင်ပါဝါ ၆၆၀ စီစီကားများဈေးကွက်အတွင်း အဝယ်လိုက်နေပြီး ဈေးနှုန်း များလည်း မြင့်တက်လာကြောင်း သိရ သည်။
Credit -> MMTimes