သတိထားရမည့် ကိုယ်ဝန်ဆောင်သွေးတိုးရောဂါ

သွေးတိုးရောဂါဟာ လူကိုမကူးစက် နိုင်တဲ့ နာတာရှည်ရောဂါတစ်ခုဖြစ်တယ်။ ကိုယ်ဝန်ဆောင်သွေးတိုးရင် ကိုယ်ဝန်ဆိပ် တက်ခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေး စောစောမွေးခြင်း၊ ပေါင်မပြည့် လ မစေ့မွေး ခြင်းတို့ ဖြစ်စေတယ်။ မိခင်ရောကလေးပါ ကျန်းမာရေး ဒုက္ခရောက်နိုင် တယ်။ သိပ် ဆိုးရင် အချင်းကနေ ကလေးဆီ အာဟာ ရ ပို့တဲ့အခါ ချို့ယွင်းမှုရှိကာ ရသင့်တဲ့ အာ ဟာရမရလို့ ကလေးကြီးထွားမှုနှေးစေ တယ်။ ကိုယ်ဝန်ရှိမရှိစစ်ဆေးဖို့ လိုသလို သွေးတိုးရောဂါစွဲကပ်ရင် မိမိဗိုက်အပ်တဲ့ ဆေးရုံ၊ ဆေးခန်းပြန်ပြဖို့လို တယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးတက်ရင် သွေးဆိပ်တက်ခြင်းဖြစ်တတ်ရာ

(၁) ဦးနှောက်ရောင်နိုင်တယ်၊ ဦး နှောက်သွေးကြောပြတ်၊ ဦးနှောက် ရုတ် တရက်တိုက်ခိုက်ခံရပြီး အသက်ဆုံးနိုင် တယ်။

(၂) သွေးတိုးများလွန်းတဲ့အတွက် သွေးတိုး ကြောင့် နှလုံးရုတ်တရက်အလုပ် မလုပ်ဘဲ (acutc hypertensive heart failure) ဖြစ် ကာ အဆုတ်မှာ ရေများလာ တယ်။ သေ ဆုံးနိုင်ပါတယ်။

(၃) ကလေးတွေမှာ အာရ်ဒီအက်စ် (RDS-Respiratory Distress Synd -rome) ရှိသလို သွေးတိုးပြင်းထန်တဲ့ မိခင် မှာ ခံစားရတယ်။

(၄) သွေးတိုးလွန်းရင် အသည်း အ လုပ်မလုပ်ဘဲ အသည်းပျက်စီးခြင်း (liver failure) ဖြစ်ကာ အသည်းကလာပ်စည်း တွေ ပျက်စီးသွားနိုင်ပါတယ်။

(၅) ကျောက်ကပ်မှာ ကျောက်ကပ် သွေးလှည့်ပတ်စီးဆင်းမှုချို့ယွင်းသွားလို့ ကျောက်ကပ်အလုပ်မလုပ်နိုင်သလို ကျောက်ကပ်ရောဂါ (renal failure) နဲ့ သေဆုံးနိုင်ပါတယ်။

(၆) ပြင်းထန်တဲ့ သွေးတိုးဟာ ခန္ဓာ ကိုယ်ရဲ့အင်္ဂါအစိတ်အပိုင်းတွေ အားလုံး ၊ အလုပ်လုပ်နေတဲ့ စနစ်တွေအားလုံး၊ အ လုပ်လုပ်နေတဲ့ ရင်သွေးရဲ့စနစ်အားလုံး ပျက်ယွင်းသွားတယ်။ ရင်သွေးသေဆုံးနိုင် တယ်။

သွေးမှာပါတဲ့ဝတ္တုပစ္စည်းတွေ၊ သွေးခဲ စေတတ်တဲ့ ပစ္စည်းတွေ၊ သွေးမှာ ပါတဲ့ အ ခြေခံဖြစ်တဲ့ သွေးနီဥသွေးဖြူဥ၊ သွေးဥမွှား စတာတွေ အကုန်လုံး ယောက်ယက်ခက် ပြီး သွေးမခဲတဲ့ ရောဂါဖြစ်စေတယ်။ တစ် ကိုယ်လုံး အရေပြားအောက်မှာ သွေးခြည် ဥနေမယ်။ သွေးကြောငယ်လေးတွေကနေ သွေးတွေစိမ့်ထွက်မယ်။ နှာခေါင်းသွေး လျှံမယ်၊ သွားဖုံးသွေးထွက်မယ်၊ အစာအိမ် အူလမ်းကနေ သွေးထွက်မယ်။

ယင်းကို ဒီအိုင်စီ (Disseminatal Intravascular Clotting) တစ်ကိုယ်လုံး က သွေးခဲတဲ့စနစ် ပျက်စီးသွားပြီး သွေးယို စိမ့်ရောဂါဖြစ်နိုင်ပါတယ်။

(၇) သွေးတိုးကြောင့် ကျောက်ကပ် ပျက်စီးခြင်း (help syndrome) ဆိုးရွား လာနိုင်တဲ့ အန္တရာယ်တွေသိထားရမယ်။ ကိုယ်ဝန်ဆောင်မှာ သွေးတိုးဒုက္ခပေးနိုင် သလို ကိုယ်ဝန်ဆောင်က သွေးတိုးအပေါ် ပိုဆိုးလာတယ်။ ကျန်းမာရေးဝန်ထမ်းတွေ ကတစ်ဆင့် ကျန်းမာရေးအသိပညာပေး တဲ့အခါ မိသားစုတွေသိထားရမယ်။ သွေး တိုး မိခင်ကို စောစောစီးစီး ကိုယ်ဝန်အပ်ရ ပါမယ်။ ကိုယ်ဝန်ဆောင်သွေးတက်ခြင်း ဖြစ်ဖို့ အလားအလာများတယ်။

နဂိုကတည်းက ဗီဇအရ မိဘမျိုးရိုး အရကိုယ်ဝန်မရှိခင် အပျိုအရွယ်ကတည်း က သွေးတိုးရှိသူတွေ။ အကြောင်းအမျိုးမျိုးကြောင့် သွေးတိုးရောဂါဖြစ်နေတဲ့ အမျိုးသမီးတွေ၊ အထူးသဖြင့် ကျောက်ကပ်ရောဂါကြောင့် ဖြစ်ဖို့ များတယ်။ ကျောက်ကပ်ရောဂါတို့ ၊ အခြား ကိုယ်တွင်းအကျိတ်ဂလင်း (endocrine) ချို့ယွင်းတာကြောင့် သွေးတိုးဖြစ် နေတဲ့ အမျိုးသမီးတွေ။ အရင်ကိုယ်ဝန်မှာတုန်းက သွေးတိုး ရှိခဲ့တယ်။ ကိုယ်ဝန်ဆောင်စဉ် ကိုယ်ဝန် ဆိပ်တက်ခဲ့တယ်။ ဒုတိယကိုယ်ဝန်မှာ သွေးတိုး ပိုတက်ဖို့များပါတယ်။ သားဦးကိုယ်ဝန်ဆောင်ထားရတဲ့ အမျိုးသမီးတွေ အရင်သွေးတိုးရှိခဲ့ သို့မဟုတ် မရှိခဲ့ရင်။ကလေး ငါးယောက်နဲ့အထက် ကိုယ်ဝန်ဆောင်မိခင်တွေ။

ယင်းအမျိုးသမီးတွေအနေနဲ့ ကိုယ်ဝန် ရှိချိန်မှာ သွေးတိုးက တက်လာနိုင်တဲ့အ တွက် အန္တရာယ်များတဲ့အုပ်စုအနေနဲ့ ပိုပြီး ဂရုစိုက်သင့်ပါတယ်။ မိခင်လောင်းဟာ အသက် ၁၈ နှစ် မပြည့်သေးဘူး၊ ကိုယ်ဝန် ဆောင် သွေးတိုးရောဂါရှိနေတယ်ဆိုရင် အသက်အန္တရာယ်ကျရောက်နိုင်တဲ့ မိခင် စာရင်းမှာ ပါဝင်နေလို့ ရိုးရိုးဆေးရုံမှာ မတက် သင့်ဘူး၊ ဆေးရုံ၊ဆေးခန်းပြရမယ်၊ ခွဲစိတ် မွေးဖွားဖို့ လိုကောင်းလိုတတ်ပါ တယ်။

တန်ဖိုးမဖြတ်နိုင်တဲ့ လူ့အသက် နှစ် ချောင်း ကယ်တင်ပေးနိုင်ရေး ဆေးရုံမှာ မွေးရမယ်။ ဆေးရုံရောက်ပြီဆိုရင် အစား အစာ၊သောက်ရမယ့် ဆေးဝါးတို့ကို စနစ် တ ကျ မှန်မှန်ကန်ကန်ညွှန်ကြားပေးနိုင် သလို အထဲက ကလေးကို လအနုအရင့် အလိုက် မွေးတဲ့အထိ တစ်ပတ်တစ်ခါ၊ နှစ်ပတ် တစ် ခါ စစ်ဆေးတဲ့နည်းနဲ့ စစ်ဆေးရမယ်။

အာလ်ထရာဆောင်း (Ultrasound) ရိုက်တာ၊ ဆီး၊ သွေးစစ်တာ သေသေချာ ချာပြုလုပ်ပေးသင့်ပါတယ်။ ကိုယ်ဝန် ဆောင် နောက်ဆက်တွဲပြဿနာ ဖြစ်ပေါ် လာဖို့ အခွင့်အရေးနည်းသွားမှာဖြစ်ပါ တယ်။

ကိုယ်ဝန်ရှိလာရင် တတ်ကျွမ်း နား လည်တဲ့ဆရာဝန်ဆီကို စောစောသွား ဗိုက်အပ်ပြီး မိသားစုဆရာဝန်ကနေ သားဖွား မီးယပ်အထူးကုဆရာဝန်အထိ ညွှန်ရင် ညွှန်ပေးသလို သွားရောက်ပြသရ မယ်။ ဆရာဝန်နဲ့ပုံမှန်ပြသကာ လိုအပ်တဲ့ ကုသမှု၊ ကာကွယ်ဆေးထိုးနှံမှုတွေပြုထား ရင် စိတ် အေးရမယ်။

ကိုယ်ဝန်ဆောင်သွေးတိုးရောဂါဟာ သားဦးမိခင် ၁ဝဝ မှာ ၁၀ ယောက်မှ ၁၅ ယောက်အထိ ဖြစ်တတ်သလို သားနှောင်း မိခင်တွေမှာ ၁ဝဝ မှာ နှစ်ယောက်ကနေ ငါးယောက်အထိ ဖြစ်တတ်တယ်။ ကိုယ်ဝန် ဆောင် သွေးတိုးရောဂါဟာ ပုံမှန်လူနာ ထက် ကိုင်တွယ်ရ၊ မှန်းဆရ၊ ကုသရမတူ တာလေးတွေရှိပါတယ်။ ပုံမှန်လူတစ် ယောက်အနေနဲ့ အပေါ်သွေး ၁၄၀၊ အောက်သွေး ၉၀၊ နှစ်ခုစလုံးဖြစ်စေ တစ်ခုခုဖြစ်စေ တက်နေပြီဆိုရင် သွေးတိုး ရောဂါ ဖြစ်နေတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီး တွေမှာလည်း သည်သဘော ပါပဲ။ ကိုယ် ဝန်စဆောင်စဉ်၊ လနုစဉ်မှာ ဆရာဝန်တစ် ဦးဦးထံမှာ၊ ဒေသန္တရမှာ၊ ကျေးလက်ဆေးခန်းမှာ ဗိုက်အပ်ဖို့ပြင်ရင်း သွေးပေါင်ချိန်၊ ကလေးနှလုံးခုန်သံ၊ ကိုယ် အလေးချိန်မှန်မှန်ချိန်ဖို့ လိုအပ်လှပါ တယ်။

နှလုံးတစ်ချက်ခုန်တိုင်း နှလုံးက ထုတ် လွှတ်ပေးတဲ့ ထုထည်အားနဲ့သွေးဖိအား အ မြင့်ဆုံးရောက်ရှိ(အပေါ်)ပြီး နှလုံးကြွက် သား လျော့နေချိန်မှာ အနိမ့်ဆုံး(အောက်) ရောက်ရှိသွားတယ်။ သွေးပေါင်ချိန် ၁၄၀/ ၉၀ မီလီမီတာ ပြဒါးထက်ပိုတဲ့ ဘယ်အခြေ အနေကိုမဆို သွေးတိုးလို့သတ်မှတ်နိုင် တယ်။ နေထိုင်စားသောက်မှုနဲ့ဆိုင်ပြီး ၁၀ ရာခိုင်နှုန်းက မျိုးရိုး သို့မဟုတ် ကိုယ်ဝန်ရှိ လို့ဖြစ်နိုင်ပါတယ်။

စားသင့်အစာ- သွေး ကြောကျဉ်းတာ ကာကွယ်ဖို့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (antioxydants) ကြွယ်ဝတဲ့ အစာဖြစ်တဲ့ လတ်ဆတ်တဲ့ သစ်သီး၊ ဟင်း ရွက် စားသုံး သင့်သလို အခွံမာသီး အစေ့အဆန်တွေက ဗီတာမင်အီးကြွယ်ဝတယ်။ ယင်းအစား အစာထဲက ငါးမျိုးစားသုံးသင့် တယ်။ အဆီများတဲ့ငါး၊ ပင်လယ်ငါး စား ပေးရ မယ်။ ဆယ်လ်မွန်၊ တူနာ၊ မက်ကာ ရယ်နဲ့ ဆာဒင်းငါးတွေမှာ အိုမီဂါ (၃)၊ ဖက်တီး အက်စစ်ပါဝင်လို့ သွေးတိုးရောဂါသက် သာစေတယ်၊ သွေးဖိအား လျော့နည်းစေ ပြီး ခန္ဓာကိုယ်ထဲက မကောင်းတဲ့ကို လက် စထရောကို သန့်စင်ပေးတယ်။ သွေးခဲ စေ မယ့် အလားအလာကိုလည်း လျှော့ချပေး ပါတယ်။

အမျှင်ဓာတ်ကြွယ်ဝတဲ့ ကွေကာ၊ ခေါက်ဆွဲခြောက်၊ ထမင်းနဲ့ပေါင်မုန့် ပုံမှန် စားပေးရမယ်။ အဆီများတဲ့ အသား၊ မလိုင်ပါတဲ့နွားနို့၊ နို့ထွက်ပစ္စည်း၊ ကိတ်မုန့်၊ ဘီစကစ်နဲ့ မာဂျရင်း လျှော့စားရမယ်။

အကြံပြုချက်- ချက်ပြုတ်ရာမှာဖြစ် ဖြစ်၊ စားသောက်ရာမှာဖြစ်ဖြစ် အစားအစာထဲ ကို ဆား၊ ငံပြာရည် ထပ်ထည့်မစားသင့်ပါ ဘူး၊ဆားပါတဲ့ အငန်ကဲတဲ့ အစားအ သောက်နဲ့မုန့်တွေကို အတတ်နိုင်ဆုံး လျှော့စားရမယ်။

ကြက်အူချောင်း၊ ဝက်အူချောင်း၊ အမဲ အူချောင်း၊ ဝက်ပေါင်ခြောက်၊ ဝက် ဆား နယ်ခြောက်၊ အာလူးချောင်းကြော်၊ ဆား ထည့်ထားတဲ့အခွံမာအသီးတွေလျှော့စား ရမယ်။ ပြုပြင်စီမံထားတဲ့စွပ်ပြုတ်၊ ဆား စိမ် သည့်ငါးပိ ၊ ငါးခြောက်တွေမှာ ဆား ပါဝင်မှု များတဲ့အတွက် ဆင်ခြင်သင့်ပါတယ်။

ပိုတက်စီယမ်သတ္တုဓာတ်ကြွယ်ဝတဲ့ ငှက်ပျောသီးဖီးကြမ်း တစ်နေ့ သုံးလုံးစား ပေးသင့်ပါတယ်။ အမျှင်ဓာတ်လည်းပိုများ လို့ ဝမ်းမှန်စေတဲ့အပြင် ပိုတက်စီယမ်ပါလို့ သွေးဖိအားကို ထိန်းညှိပေးပါသည်။

ယင်းအစားအစာတွေဟာ ခန္ဓာကိုယ် ထဲက ဆားဓာတ်ကို ဖယ်ရှားပေးနိုင်ပါ တယ်။

သောက်ဆေး- ဆီးရွှင်ဆေး (Diuretics) ပေးနိုင်ပြီး ကျောက်ကပ်ထဲက ပိုလျှံနေတဲ့ အရည်တွေဖယ်ပေးနိုင်ကာ သွေးကြော တွေရဲ့ ခုခံအားကို လျှော့ချပေး နိုင်ပါတယ်။ ဘီတာဘလော့ကာ (Beter-Blocker) က နှလုံးအခုန်မြန်ခြင်းကို နှေး စေပြီး နှလုံး ကြွက်သားကျုံ့အားကို ချပေး တယ်။ ဗေဆို ဒိုင်လေတာ (vasodilators) က သွေး လွှတ်ကြောတွေချဲ့ပေးပြီး သွေးတိုးကျစေ တယ်။ အေစီအီးဆန့်ကျင်ဆေး (ACE inhibitors) က သွေးကြောကျယ်စေတဲ့ ဆေးအနေနဲ့ရော ဆီးရွှင်ဆေးအနေနဲ့ပါ အကျိုးအာနိသင် ထိရောက်မှုရှိတယ်။ သွေးဖိအားဟာ ရံဖန်ရံခါ ပုံမှန်ဖြစ်သွားပေ မဲ့ ဆေးဝါးပုံမှန်သောက်ဖို့ ၊ အစာရှောင်ဖို့ လိုအပ်မှာဖြစ်တယ်။ အိပ်ချိန်မှန်ဖို့၊ နေ့ လယ် တစ်ရေးအိပ်ဖို့လိုပါတယ်။

Author: ဒေါက်တာ လွင်သန့်
Credit : ဗဟုသုတ အထွေထွေမှတ်စု

Facebook Comments

Burmese News