ဘယ်အဖေမှ မလိုချင်တဲ့အဖြစ်မျိုးကို ကြံ့ကြံ့ခံနေတဲ့ အဖေတစ်ယောက်

“ကလေးတိုင်းမှာ မိသားစုဆိုတာ ရှိရမယ် အိမ်လို့ခေါ်တဲ့နေရာမှာ သူ့ကိုချစ်ပေးပြီး စောင့်ရှောက်ပေးမယ့်သူတွေရှိသင့်တယ် ” လို့ပြောတဲ့လူကတော့ ဘယ်သူမှမလိုချင်တဲ့ ကျန်းမာရေးမကောင်းတဲ့ကလေးတွေကို စောင့်ရှောက်ပေးသူ Bzeekပဲဖြစ်ပါတယ်။ သူဟာ ကျန်းမာရေးမကောင်းတဲ့ကလေးတွေကို မွေးစားပြီး စောင့်ရှောက်ပေးနေသူတစ်ယောက်ဖြစ်ရုံသာမက သူကိုယ်တိုင်လည်း ကင်ဆာရောဂါကို ခံစားနေရသူပါ။ သူ့ရောဂါနဲ့ပတ်သတ်ပြီး မေးတဲ့အခါမှာတော့ “ကျွန်တော်အရွယ်ရောက်နေပါပြီ ဒါပေမဲ့ ကျွန်တော်ကြောက်တယ် ကျွန်တော်တစ်ယောက်တည်းပဲ ဆေးရုံသွားတယ် ခွဲစိတ်ကုသမှုခံတယ်” လို့ သူကပြောပြခဲ့ပါတယ်။

သူနဲ့ဇနီးဖြစ်သူဟာ ဘယ်သူမှမလိုချင်တဲ့ နာမကျန်းကလေးငယ်တွေကို အတူမွေးစားခဲ့ပြီး စောင့်ရှောက်ခဲ့ကြပါတယ်။ သူဟာ ကလေးအယောက်၈၀ကျော်ကို စောင့်ရှောက်ပေးခဲ့ပြီး သူစောင့်ရှောက်ရင်းနဲ့သေသွားတဲ့ကလေး ၁၀ယောက်ကျော်ရှိတယ်လို့ သိရပါတယ်။

သူဟာ ဒီလိုကလေးတွေကိုစောင့်ရှောက်ပေးနေတာ နှစ်ပေါင်း၃၀ကျော်ပြီလို့သိရပါတယ်။ သူအခုစောင့်ရှောက်ပေးနေတဲ့ကလေးမလေးကတော့ ၆ပတ်သားအရွယ်ထဲက သူမွေးစားခဲ့တာဖြစ်ပြီး ဆရာဝန်က လပိုင်းလောက်ခံရင်ပဲ ကံကောင်းနေပြီလို့ ပြောခဲ့ပေမယ့် အခုသူ့ရဲ့စောင့်ရှောက်မှုအောက်မှာ ၈နှစ်ပြည့်ခဲ့ပြီလို့ သိရပါတယ်။ 2014မှာတော့ Bzeekရဲ့ဇနီးဟာ ကျန်းမာရေးမကောင်းဖြစ်ကာ သေဆုံးသွားခဲ့ပြီးနောက် သူဟာ အင်ဂျင်နီယာအလုပ်မှထွက်ကာ ကလေးပြုစုစောင့်ရှောက်ရေးမှာပဲ အချိန်ပြည့်စိတ်နှစ်ထားခဲ့ပါတယ်။ “ဒီအလုပ်က တစ်ရက်ကို ၂၄နာရီ ၇ရက်ပတ်လုံးလုပ်ရတယ် နားရက်မရှိဘူး ဒါပေမဲ့ ကျွန်တော်သူတို့ကို မွေးစားကလေးရယ်လို့ စိတ်ထဲမှာမထားဘူး ကျွန်တော့်သွေးသားအရင်းလို့ပဲ သတ်မှတ်ထားတယ်လို့ Bzeekကလေးစားဖွယ် ဆိုပါတယ်။

Credit -> သမီးလေးဖတ်ဖို့ ဘဝစာပေ

Facebook Comments

Burmese News