အရင်းအနှီးတပြားမှမရှိလဲ စလို့ရတဲ့ ကိုယ်ပိုင်လုပ်ငန်း ၆ ခု

Last modified date

လက်ထဲမှာ အရင်းအနှီးမရှိလို့ စိတ်ညစ်နေပါသလား….ကိုယ်ပိုင်စီးပွားရေးလုပ်တယ်ဆိုတာ အရင်းအနှီးလိုတယ်ဆိုတာ မှန်ပေမဲ့ ရင်းနှီးမှုတိုင်းကတော့ ငွေကြေးချည်း သပ်သပ် မဟုတ်ပါဘူး….လက်ထဲမှာ ငွေအမြောက်အများ မရှိပေမဲ့ ပရိသတ်ကြီးတို့ရဲ့ စိတ်ကူးဉာဏ်တွေ …လုပ်အားတွေ…ပညာတွေက ပရိသတ်ကြီးတို့လက်ထဲကို အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းကြီးတစ်ခုရောက်ရှိစေလာနိုင်ပါတယ်…

အောက်မှာ ဖော်ပြပေးထားတာကတော့ သူဌေးကြီးတွေ ဖြစ်ချင်တဲ့ ပရိသတ်ကြီးတို့ အတွက် အရင်းအနှီးတပြားမှ မရှိပေမဲ့လည်း စတင်လုပ်ကိုင်နိုင်တဲ့ စီးပွားရေးလုပ်ငန်း ၆ ခုအကြောင်းပဲ ဖြစ်ပါတယ်….

(၁) မိမိကိုယ်ပိုင် လက်မှုပစ္စည်း ဖန်တီးမှုများ

သင်ဟာ သူများတွေ အသုံးမလိုတော့ဘူးလို့ ထင်တဲ့ စွန့်ပစ်ပလတ်စတစ်ပစ္စည်းတွေကနေ လှပတဲ့ လွယ်အိတ်လေးတွေ ခွက်ကလေးတွေ ဖန်တီးနိုင်ပါတယ်… ဒါဟာ သင်မမြင်နိုင်တဲ့ စွမ်းရည်တစ်ရပ်အဖြစ် သင့်ဆီမှာ ရှိကောင်းရှိနေနိုင်ပါတယ်…. ကြိုးစားကြည့်ပါ…ရရှိလာတဲ့ သင့်တီထွင်ဆန်းသစ်မှုဟာ သင့်ရဲ့ မူပိုင်ပဲ ဖြစ်ပါတယ်….ယနေ့ခေတ်ကြီးမှာ သင့်ရဲ့ ဖန်တီးမှုကို အင်တာနက်ကနေတစ်ဆင့် အွန်လိုင်းရှော့ပင်းတွေ လုပ်ပြီး ရောင်းချလို့ ရပါတယ်…. ဥပမာ Facebook မှာ Page ထောင်ပြီး ရောင်းချသလိုမျိုးပေါ့…

Indian-Handicraft-Industry-News-Skilling-Northeast-India.jpg (780×520)

(၂) ဟိုစပ်စပ် ဒီစပ်စပ်ပြင်တတ်ခြင်း

တချို့က စက်ဘီးပြင်တယ် ဆိုင်ကယ်ပြင်တယ်….ရေမော်တာ ထမင်းပေါင်းအိုး စတဲ့ လျှပ်စစ်ပစ္စည်းအသေးစားလေးတွေ ပြင်တတ်ကြပါတယ်…ဒါပေမဲ့ ဒါကို စီးပွားရေးတစ်ခုသဖွယ် အသုံးမချဘဲ အမှုမဲ့ အမှတ်မဲ့ ကြုံလာမှ ပြင်ကြတာပါ…မိတ်ဆွေ အဲလို ဟိုစပ်စပ် ဒီစပ်စပ် ပြင်တတ်တဲ့ သင့်ရဲ့ပညာရပ်ကို အသုံးချပြီး တကယ့် စီးပွားရေးတစ်ခုသဖွယ် ကြိုးစားကြည့်ပါ သင်အောင်မြင်လာပါလိမ့်မယ်…

workshop-1024x576.jpg (1024×576)

(၃) အတိုင်ပင်ခံလုပ်ခြင်း

သင်ဟာ အစိုးရ ဝန်ထမ်းပဲ ဖြစ်ဖြစ်…ကုမ္ပဏီဝန်ထမ်းပဲ ဖြစ်ဖြစ် အလုပ်တစ်ခုမှာ ရေရှည်လုပ်ကိုင်ခဲ့ပြီးပြီ…အတွေ့အကြုံတွေကလည်းစုံပြီး ကျွမ်းကျင်သူတစ်ဦးလည်း ဖြစ်နေပြီ….အဲတာဆိုရင်တော့ သင်လုပ်ကိုင်ရရှိခဲ့တဲ့ အတွေ့အကြုံတွေကို အသုံးချပြီး အတိုင်ပင်ခံတစ်ဦးအဖြစ် သူများတွေကို သင်အကြံဉာဏ်တွေ ပေးနိုင်ပါပြီ…ဒီလုပ်ငန်းဟာလည်း ယနေ့ခေတ်မှာ အတော့်ကို ခေတ်စားလာတာပဲ ဖြစ်ပါတယ်….. အတိုင်ပင်ခံတွေရဲ့ ဝင်ငွေဟာလည်း အတော့်ကို ကောင်းကြတာဖြစ်တဲ့ အတွက် ခုပဲ စတင်ကြိုးစားကြည့်ပါ….

GENERAL-CONSULTING-BUSINESS-PLAN-MARKET-RESEARCH-Pyramide-Holding-Dubai.jpg (1920×1280)

(၄) အိမ်အကူ လုပ်ပေးခြင်း

အိမ်အကူလို့ ဆိုလိုက်တာနဲ့ ထမင်းချက် အဝတ်လျှော် မီးပူတိုက်တာလို့ပဲ ထင်နေကြပါလိမ့်မယ်…အဲဒီလို မဟုတ်ပါဘူး……ယနေ့ခေတ်ကြီးမှာ လင်ရယ်မယားရယ် ၂ ယောက်စလုံး အပြင်ထွက် အလုပ်လုပ်ကြတဲ့အချိန် သူတို့မရှိတုန်း သူတို့ အိမ်ကို ခဏစောင့်ရှောက်ပေးတာ ဥပမာ မွေးထားတဲ့ တိရစ္ဆာန်လေးတွေကို ထိန်းကျောင်းပေးတာ….ကလေးရှိရင် ကလေးတွေကို ကူထိန်းပေးတာ….ကလေးတွေကို စာသင်ပေးတာ စတာတွေကို သင့်ဆီမှာ တစ်ပြားတစ်ချပ်မှ ရှိစရာ မလိုဘဲ လုပ်နိုင်ပါတယ်…. ဒါဟာ နိုင်ငံခြားမှာတော့ သိပ်ကို ခေတ်စားပြီး လစာလည်းကောင်းကြပါတယ်…..

housekeepingJune11.jpg (1920×1281)

(၅) ရောင်းဝယ်ရေးလုပ်မယ်

ကိုယ်တိုင်ကိုယ်ကျ ဆိုင်ဖွင့်ပြီး ဈေးရောင်းတာကို ဆိုလိုတာမဟုတ်ပါဘူး…သင်ဟာ ကုမ္ပဏီတွေ စက်ရုံတွေကြားမှာ အေးဂျင့်တစ်ယောက် မြန်မာလိုဆိုရရင် ပွဲစားတစ်ဦးကဲ့သို့ ဝယ်သူနဲ့ ရောင်းသူတွေကြား ချိတ်ဆက်ပေးရမှာပါ…ဒီ့အတွက် သင်တစ်ဦးလုပ်နိုင်ပါတယ်…ငွေမလိုသလို ဝန်ထမ်းလည်း မလိုပါဘူး…လုပ်ငန်းကျွမ်းကျင်မှုနဲ့ ကိုယ့်ကို သူများတွေ ယုံကြည်မှုရှိဖို့တော့ လိုပါတယ်…သင့်ရဲ့ သစ္စာရှိမှုကလည်း သူတို့အတွက် ယုံကြည်မှုတစ်ခုပါပဲ….

maxresdefault.jpg (1280×720)

(၆) အသေးစားစီးပွားရေးလုပ်မယ်

အသေးစားစီးပွားရေးဆိုတာကတော့ အိမ်တွင်းမှာလည်း လုပ်လို့ရပါတယ်…ဥပမာ တစ်နိုင်တစ်ပိုင် စက်ချုပ်စက်တွေနဲ့ အင်းကျီချုပ်တာမျိုး….မိမိတတ်ကျွမ်းတဲ့ ပညာရပ်ပေါ်မူတည်ပြီး လုပ်ငန်းကလည်း အမျိုးမျိုးကွဲပြားနိုင်ပါတယ်….သင်သာ ကားမောင်းတတ်တယ်ဆိုရင် Grab,အိုးဝေ…Hello Cab စတဲ့ အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်းတွေမှာ အလုပ်လျှောက်လို့ရပါတယ်….

ကဲ ပရိသတ်ကြီးတို့ရေ ဖော်ပြခဲ့တာလေးကတော့ အရင်းအနှီးတပြားမှ မလိုဘဲ ပရိသတ်ကြီးတို့ အမှုမဲ့ အမှတ်မဲ့ နေမိတဲ့ သတိမမူမိတဲ့ ကျွမ်းကျင်ထားတဲ့ ပညာလေးတွေကို အသုံးချပြီး စီးပွားရေးလုပ်ငန်းကြီးတွေ လုပ်နိုင်တာပဲ ဖြစ်ပါတယ်နော်…. သူဌေးမင်းဖြစ်ဖို့ စောင့်မနေပါနဲ့တော့…ခုပဲ စလုပ်လိုက်ကြရအောင်နော်..

uber-like-app-main.jpg (725×450)

Credit-> Tameelay

Facebook Comments

Burmese News