လေးတန်းနှစ်တည်းက ကွဲကွာသွားတဲ့ ဖခင်နဲ့ နောက်ဆုံးမှာ ပြန်ဆုံတွေ့ခွင့်ရခဲ့တဲ့ ပြိုင်ပွဲဝင် ထက်အဉ္စလီ

Myanmar Idol ပြိုင်ပွဲဝင်လေးတစ်ဦးဖြစ်တဲ့ ထက်အဉ္စလီကတော့ သူမ ဒီပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့တာမှန်သွားပြီလို့ ဆိုပါတယ်။ ဘာလို့လည်းဆိုတော့ သူမဒီပြိုင်ပွဲကိုဝင်ပြိုင်ခဲ့တဲ့အတွက် သူမနဲ့ လေးတန်းနှစ်လောက်တည်းက ကွဲကွာသွားခဲ့ရတဲ့ ဖခင်ဖြစ်သူနဲ့ ပြန်လည်ဆုံစည်းခဲ့ကြလို့ပါပဲ။

 

ထက်အဉ္စလီက သူမရဲ့ ဖေ့ဘုတ်မှာ” Hello….အချစ်တို့ရေ ထက်သတင်းကောင်းလေးပြောချင်လို့ပါရှင့် မနေ့ကပြိုင်ပွဲမှာ ထက်နဲ့လေးတန်းလောက်ထဲက ခွဲခွါခဲ့ရတဲ့ ထက်အရမ်းသတိရနေခဲ့ရတဲ့ ပါးပါး(အဖေ) နဲ့ပြန်ဆုံနိုင်ခွင့်ရခဲ့ပါပြီရှင့် ထက်ဝမ်းသာလို့မဆုံးပါဘူးရှင့် အားလုံးလည်းထပ်တူပျော်ရွှင်ကြမယ်ထင်ပါတယ်ရှင့်” ဆိုပြီးပြောပြခဲ့တာဖြစ်ပါတယ်။

 

ထက်အဉ္စလီဟာ မနေ့က တက္ကသိုလ်သီချင်းများ ပြိုင်ပွဲဝင်ခါနီး ရင်ပြည့်ပြီးရင်ဘတ်မှာလေခံနေလို့ ထင်သလောက်မလုပ်ပြနိုင် မဆိုပြနိုင်ခဲ့ပဲ လိုအပ်ချက်တွေရှိခဲ့လို့ အားမရဖြစ်ခဲ့ကြောင်း၊ ဒါပေမယ့် သူမယှဉ်ပြိုင်ခဲ့တဲ့ သီချင်းရဲ့ မူရင်းအဆိုရှင် အေးချမ်းမေက အသိအမှတ်ပြု ချစ်ခင်ပေးခဲ့လို့ ဝမ်းသာခဲ့ရကြောင်း၊ သူမကိုချစ်တဲ့သူတွေရဲ့ အပြုံးတွေကို မြင်တွေ့ခွင့်ရလို့ အကောင်းဆုံးမလုပ်နိုင်ခဲ့ပေမယ့် ကျေနပ်မိတယ်လို့လည်း ဆိုထားပါတယ်။

 

ထက်အဉ္စလီက ” ထက်နောက်ထက်အကောင်းဆုံးလေ့လာကြိုးစားသင်ယူပြီး ချပြခွင့်ရချင်သေးတယ် ဒီမှာရတဲ့နွေးထွေးမှုတွေနဲ့ ဆရာ ဆရာမတို့ရဲ့ ပညာတွေသင်ယူရင်း အားလုံးချစ်ခင်ရတဲ့ Idolကောင်းတစ်ယောက်အဖြစ် ပြိုင်ပွဲမှာ ဆက်ရှိချင်နေသေးတာကြောင့် ထက်ကိုချစ်ခင်ပြီးသားသူတွေရော စောင့်ကြည့်ဆဲသူတွေရော ထက်ကိုနောက်တစ်ဆင့်ကိုခေါ်ဆောင်ပေးပါလို့ ထက်တောင်းဆိုပါတယ်ရှင့်  ထက်အကောင်းဆုံးကြိုးစားသွားပါ့မယ်” ဆိုပြီးတော့လည်း ကတိပေးလိုက်ပါသေးတယ်။

 

ထက်အဉ္စလီရဲ့ Fan တွေ အပျော်ကူးစက်စေနိုင်ဖို့ မနေ့က သူမရဲ့ ပါးပါးနဲ့ တွေ့ဆုံပုံတွေ fan တွေနဲ့ သူမရဲ့ အပျော်ပုံလေးတွေကို ပြန်လည်ဝေမျှပေးလိုက်ရပါတယ်။

 

Writer-YLLT(Cele Star)

Facebook Comments

Burmese News