မြန်မာအိုင်ဒေါလ်ကနေ စိတ်မကောင်းစရာ ထပ်မံနှုတ်ဆက်သွားကြရသူ ၂ ဦး
မြန်မာအိုင်ဒေါလ်ရဲ့ Top 11 ထဲကနေ ခြူးစစ်ဟန်က ပထမဆုံးအိမ်ပြန်ခဲ့ရသူဖြစ်ပြီး ဒီနေ့မှာလည်း မြန်မာအိုင်ဒေါလ်ရဲ့ တက္ကသိုလ်သီချင်းများအပတ်အတွက် ပြိုင်ပွဲဝင် ၂ဦးကတော့ နှုတ်ဆက် အိမ်ပြန်သွားကြရပြန်ပါပြီ။
ပြိုင်ပွဲမှာ အကောင်းဆုံးသီဆိုသွားနိုင်ကြပေမယ့် Voting ရလဒ်အနည်းဆုံးဖြစ်သူတွေက အိမ်ပြန်ကြရတာပဲမို့ စိတ်မကောင်းစရာပါပဲနော်။ အခုတစ်ပတ်မှာ အကောင်းဆုံးသီဆိုသွားနိုင်သူတွေကတော့ အေးမြဖြူ၊ ဆုန်ဆုန်၊ တန်ခွန်ကျော်၊ မူးလာ၊ ယောကီး၊ ဘင်ဂျမင်ဆုမ်း တို့အဖြစ် ပရိသတ်က သတ်မှတ်ခဲ့ကြပြီး ပရိသတ်သတ်မှတ်သလို သူတို့တွေက saved ဖြစ်ခဲ့ကြပါတယ်။
Bottom 3 မှာ Voting အနည်းဆုံးဖြစ်တဲ့ နေလင်းကျော်၊ နှင်းအိအိဝင်း နဲ့ နော်စေးစေးထူးတို့ ထိုင်ခဲ့ကြရတာဖြစ်ပြီး နေလင်းကျော်ကတော့ ဒီသုံးယောက်ထဲကနေ ပထမဆုံးအိမ်ပြန်ရမယ့်သူအဖြစ် ရွေးချယ်ခံလိုက်ရပါတယ်။
နှင်းအိအိဝင်းနဲ့ နော်စေးစေးထူးတို့ နှစ်ယောက်ထဲကလည်း တစ်ယောက်က နှုတ်ဆက်အိမ်ပြန်ရမှာဖြစ်လို့ သူတို့ရဲ့ ပရိသတ်တွေက ရင်ခုန်ခဲ့ကြရတာပါ။ နော်စေးစေးထူးဟာဆိုရင် သရုပ်ဆောင်နေမင်းကတောင်မှ ရှိသမျှရောင်းချပေါင်နှံချေးငှားပြီး Vote ပေးမယ်လို့ ပြောခံခဲ့ရသူပါနော်။
အခုလည်း သူတို့နှစ်ယောက်ထဲက နော်စေးစေးထူးက saved ဖြစ်ပြီး နှင်းအိအိဝင်းကတော့ နေလင်းကျော်နဲ့အတူ မြန်မာအိုင်ဒေါလ်ကနေ နှုတ်ဆက်အိမ်ပြန်ရပြီပဲ ဖြစ်ပါတယ်။
ဒီအပတ် နှုတ်ဆက်အိမ်ပြန်ခဲ့ရတဲ့ နေလင်းကျော်နဲ့ နှင်းအိအိဝင်းတို့ရဲ့ ပရိသတ်တွေအတွက် စိတ်မကောင်းသလို ကျန်တဲ့ပြိုင်ပွဲဝင်တွေလည်း နောက်အပတ်တွေမှာ ဒီလိုမျိုးတွေ ကြုံလာရဦးမှာမို့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဖြစ်နေပါပြီနော်။
Credit-Cele Star