ဇနီးဖြစ်သူ ဇုံဇုံနဲ့ တရားဝင်ကွာရှင်းလိုက်ပြီဖြစ်ကြောင်း ကြေငြာလိုက်တဲ့ အဆိုတော်ဟန်ထူးလွင်
အဆိုတော်ဟန်ထူးလွင်ဟာဆိုရင် ဇနီးဖြစ်သူ ဇုံဇုံနဲ့ အိမ်ထောင်သက်တမ်းကြာမြင့်ပြီဖြစ်ပြီး ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်လည်း ရရှိထားသူတစ်ဦးပါ။
ဒါပေမယ့် ဒီနေ့မှာတော့ ဟန်ထူးလွင်က သူ့ရဲ့ ဖေ့ဘုတ်ကနေ ” ကျွန်တော်နဲ့ စုလဲ့ဝင်း( ဇုံဇုံ ) နဲ့ ဘာမှမသက်ဆိုင်တော့ပါ၊ တရားဝင်လည်း ကွာရှင်းပြီးပါပြီ၊ ဘာမှမမေးခြင်းဖြင့် ကူညီနိုင်မယ်ထင်ပါတယ်” ဆိုပြီး ကြေငြာလိုက်တာပါ။ ဒီလိုကြေငြာလိုက်တဲ့နောက်မှာတော့ ပရိသတ်တွေကလည်း စိတ်မကောင်းဖြစ်နေခဲ့ကြတာကိုတွေ့ရပါတယ်။
ဟန်ထူးလွင်ရဲ့ ဇနီးဖြစ်သူ စုလဲ့ဝင်း( ဇုံဇုံ ) ဟာဆိုရင် Parenting နဲ့ ပတ်သက်တဲ့ အသိပညာတွေကို မျှဝေပေးနေသူတစ်ဦးဖြစ်ပြီး သမီးလေးတွေကိုလည်း အကောင်းဆုံးပျိုးထောင်နိုင်ခဲ့သူပဲ ဖြစ်ပါတယ်။
ဟန်ထူးလွင်နဲ့ ဇုံဇုံတို့ရဲ့ ကွာရှင်းမှုသတင်းအပေါ် ပရိသတ်တွေရော သူတို့နှစ်ဦးလုံးရဲ့ အသိမိတ်ဆွေတွေကပါ စိတ်မကောင်းဖြစ်နေကြပါတယ်။
Writer-YLLT(Cele Star)