နှစ်ခါပြန် ကံကောင်းခဲ့တဲ့ မြစ်ကြီးနားသူလေး
ပရိသတ်တွေအားပေးမှုကိုအပြည့်အဝရရှိထားတဲ့ မြန်မာအိုင်ဒေါအစီအစဉ်ရဲ့ တတိယအပတ် result show ပွဲကြီးကတော့ ကျင်းပပြီးစီးခဲ့ပါပြီ။ဒီတပတ်မှာတော့ “ကံ့ကော်ဝေဒနာ”သီချင်းနဲ့ သီဆိုယှဉ်ပြိုင်ခဲ့တဲ့ နေလင်းကျော်၊”တစ်ချိန်တုန်းက တက္ကသိုလ်” သီချင်းနဲ့ သီဆိုယှဉ်ပြိုင်ခဲ့တဲ့ နှင်းအိအိဝင်း၊”သတိရနေမှာပါ” သီချင်းနဲ့ သီဆိုယှဉ်ပြိုင်ခဲ့တဲ့ နော်စေးစေးထူးတို့က voting အနည်းဆုံးနဲ့ Bottom ထိုင်ခဲ့ရတာပါ။
Bottom မှာထိုင်ခဲ့ရတဲ့ (၃)ယောက်ထဲမှာမှ နေလင်းကျော်နဲ့ နှင်းအိအိဝင်းတို့နှစ်ယောက်က မြန်မာအိုင်ဒေါပြိုင်ပွဲကြီးကနေ နှုတ်ဆက်ထွက်ခွာ အိမ်ပြန်ခဲ့ရတာပဲဖြစ်ပါတယ်။နော်စေးစေးထူးကတော့ Bottom ထိုင်ခဲ့ရပေမဲ့ နောက်ဆုံးမှာ Save ဖြစ်ခဲ့ပြီး ပြိုင်ပွဲကို နောက်တစ်ဆင့်ထပ်မံယှဉ်ပြိုင်ခွင့်ရရှိခဲ့တာပဲဖြစ်ပါတယ်။နော်စေးစေးထူးဟာဆိုရင် ပြီးခဲ့တဲ့ week (2)ယှဉ်ပြိုင်မှုမှာလည်း အိမ်ပြန်ထွက်ခွာဖို့အထိကို voting အနည်းဆုံးပြိုင်ပွဲဝင်ဖြစ်ခဲ့ပါသေးတယ်။သို့ပေမဲ့လည်း save song ကို သီဆိုချိန်မှာတော့ ဒိုင်တွေရဲ့ ကျေနပ်အားရမှုကိုရရှိခဲ့တာကြောင့် Myanmar Idol Season တစ်ခုမှာ တစ်ခါတည်းသာရှိသောအခွင့်အရေးဖြစ်တဲ့ ဒိုင်တွေရဲ့ Save ခြင်းကို ခံခဲ့ရတာပဲဖြစ်ပါတယ်။
ဒီတပတ်မှာလည်း နော်စေးစေးထူးကBottom ထိုင်ရတဲ့ (၃)ယောက်ထဲမှာ ပါဝင်ခဲ့ပေမဲ့ saveဖြစ်ခဲ့တာကြောင့် နှုတ်ဆက်ထွက်ခွာရခြင်းမရှိဘဲ ကံကောင်းမှုတွေကို နှစ်ခါပြန်ရရှိခဲ့တဲ့သူတစ်ယောက်လို့တောင်ဆိုရမှာပါ။ နော်စေးစေးထူးကိုအားပေးတဲ့ ပရိသတ်တွေကတော့ အလွန်အမင်းကိုပျော်ရွှင်နေရမယ်လို့လည်းထင်ပါတယ်။ကဲ ပရိသတ်ကြီးတွေရေ နောက်တစ်ပတ်မှာလည်း ကျန်ရှိနေတဲ့ ပြိုင်ပွဲဝင်တွေက country song တွေနဲ့ သီဆိုယှဉ်ပြိုင်သွားဦးမှာမို့ အားပေးဖို့ကရော အဆင်သင့်ပဲလား…