ဖေ့ဘုတ်ပေါ်ပျံ့နေတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး ဖြေရှင်းလာတဲ့ နီနီခင်ဇော်
တေးသံရှင်နီနီခင်ဇော်ကတော့ လတ်တလော အဆိုတော်တစ်ဦးရဲ့ ကွာရှင်းသတင်းမှာ အဓိက တရားခံအနေနဲ့ စွပ်စွဲပြောဆိုခံနေရတာဖြစ်ပါတယ်။ သူမက ဖေ့ဘုတ်ပေါ်က မှားယွင်းသတင်းများ ချင့်ချိန်ယုံစေချင်ပါတယ်၊ နီနီလုံးဝ လုံးဝမဟုတ်ပါလို့ ပြောလိုက်တာပါ။
မနေ့ညမှာ ကြေငြာလိုက်တဲ့ အဆိုတော်လေးနဲ့ သူရဲ့ ဇနီးတို့ရဲ့ ကွာရှင်းသတင်း ထွက်ပေါ်လာအပြီးမှာ အဆိုတော်လေးနဲ့ ထပ်မံတွဲနေသူဟာ နီနီခင်ဇော်ရယ်လို့ သတင်းတစ်ချို့ ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။
အဆိုတော်လေးနဲ့ ထပ်မံတွဲနေသူက နီနီအပြင် တစ်ခြားသော နာမည် ၂လုံးနဲ့ အဆိုတော်လေး ဖြစ်နိုင်တယ် ဆိုတဲ့ ကောလဟာလ ဝေဖန်မှုတွေ ယူဆချက်တွေ အမျိုးမျိုးကလည်း ထွက်ပေါ်နေပါတယ်။
ဒါပေမယ့် အဆိုတော်လေးရဲ့ ဇနီးကိုယ်ကိုင်ကလည်း နီနီမဟုတ်သလို မေရီလည်းမဟုတ်ပါဘူးလို့ ပြန်လည်ဖြေရှင်းထားတဲ့ SS ကိုလည်း နီနီခင်ဇော်ကိုယ်တိုင်က ပြသပြီး ပြန်လည်ဖြေရှင်းလိုက်တာပါ။
နီနီခင်ဇော်ဟာ လက်ရှိမှာစင်ကာပူ ရှိုးပွဲအတွက် အလုပ်တွေ ရှုပ်နေတာဖြစ်ပြီး သူမက “တဖက်သား ထိခိုက်စေမယ့် စကားများမပြောကြဖို့ တောင်းဆိုချင်ပါတယ်။ စင်ကာပူ showနဲ့တောင်အလုပ်ရှုပ်နေတာ ကိုယ့်အလုပ်ကိုလုပ်နေတာပါ” လို့ ဆိုထားပါတယ်။
နီနီ့ရဲ့ ပရိသတ်တွေကတော့ နီနီမဟုတ်တာကို သိနေကြောင်း ပြောဆိုခဲ့ကြပြီး နီနီရှိုးပွဲအောင်မြင်ဖို့ပဲ အာရုံစိုက်ပါလို့ အားပေးထားကြပါတယ်။
Writer-YLLT(Cele Star)