နိုင်ငံကျော်အဆိုတော် အောင်ရင်ရဲ့ချီးကျူးခြင်းခံခဲ့ရတဲ့ အေးမြဖြူ

လက်ရှိမှာ Myanmar Idol Season – (4) ကတော့ မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုမြင့်တက်ခြင်းခံနေရတာလည်း ဖြစ်ပြီး အားပေးတဲ့ ပရိသတ်အများဆုံး ပြိုင်ပွဲဝင်တွေထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ အေးမြဖြူကတော့ ဝါရင့် နိုင်ငံကျော်အဆိုတော် အောင်ရင်ရဲ့ချီးကျူးခြင်းခံခဲ့ရတဲ့အကြောင်းကို “မနေ့ညကဦးအောင်ရင်ကပြောတယ် သမီးဆိုတာအရမ်းကောင်းတာဘဲတဲ့” လို့ သူရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

Image may contain: 2 people, people smiling, people standing

သူဟာ အသက်ကတော့ (၁၆) နှစ်သာရှိသေးတဲ့အပြင် မိသားစုကလည်း သူရဲ့ ဝါသနာကို ပံ့ပိုးအားပေးတာကြောင့် အနုပညာအပေါ်အားစိုက်ကာ ကြိုးစားမယ့် ပြိုင်ပွဲဝင်တစ်ယောက်လို့ ဆိုရမှာပါ။အသက်ငယ်ငယ်လေးနဲ့ ကိုယ်တိုင်ဂီတာတီးခတ်နိုင်ခဲ့ကာ တည်ငြိမ်စွာ ဒိုင်တွေရှေ့မှာ သီဆိုနိုင်ခဲ့တာကြောင့် ပရိသတ်တွေကလည်း အသက်အငယ်ဆုံး Winner ဖြစ်မယ်လို့ ခန့်မှန်းခြင်းခံနေရတဲ့ သူလေးလည်းဖြစ်ပါတယ်။

Image may contain: 1 person, smiling, standing and text

မကြာသေးခင်ကမှတက္ကသိုလ်ဝင်တန်းအောင်မြင်ထားတဲ့ အေးမြဖြူကတော့ အသက်သာငယ်ပေမဲ့ အနုပညာအရည်အသွေးကတော့ မခေသူတစ်ယောက်ဖြစ်ပါတယ်။ပရိသတ်ကြီးရေ အေးမြဖြူရဲ့ အရည်အချင်းကတော့ ဝါရင့်နိုင်ငံကျော်အဆိုတော် အောင်ရင်ရဲ့ချီးကျူးခြင်းခံရတဲ့အထိ ပါပဲနော်။

Image may contain: 1 person, smiling, closeup

 

Facebook Comments

Burmese News