အရက်မူးနေသည့် ဖခင်ဖြစ်သူက (၁၁) နှစ်အရွယ်သမီးဖြစ်သူကို ဓား၊ ကတ်ကြီးများဖြင့်ထိုး
အရက်မူးနေသည့် ဖခင်ဖြစ်သူက သမီးအရင်းဖြစ်သူအား ဓား၊ ကတ်ကြီးများဖြင့် ထိုးခဲ့သည့် ဖြစ်စဉ်တစ်ခု ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်အတွင်း ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
နိုဝင်ဘာလ ၁၅ ရက် ည ၁၁ နာရီခွဲ အချိန်တွင် ဒိုက်ဦးမြို့နယ်၊ ဗမာကျွန်းကျေးရွာနေ ကျော်သူ(၃၅)နှစ်သည် အရက်သေစား သောက်စား မူးယစ်ပြီး ၎င်း၏ သမီးဖြစ်သူ မခိုင်သဇင်ဦး (၁၁)နှစ်အား အရိုးအသွား ၁၀ လက်မခန့်ရှိ စတီးဓားနှင့် အရိုးအသွား ၉ လက်မခန့်ရှိ စတီးကတ်ကြေးတို့ဖြင့် ထိုးစိုက်၊လှီးဖြတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထိုးစိုက်၊ လှီးဖြတ်ခြင်းများပြုလုပ်ခဲ့သောကြောင့် မခိုင်သဇင်ဦးတွင် ဝဲနားရွက် ပြတ်ရှဒဏ်ရာ၊ ယာနားရွက်ပြတ်၊ ယာဘက် လက်ခုံ စူးဝင်ဒဏ်ရာများရရှိခဲ့သဖြင့် ဒိုက်ဦးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး နိုဝင်ဘာလ ၁၆ ရက် နံနက်အစောပိုင်း ၁၂ နာရီ ၄၀ ခန့်အချိန်တွင် ဒိုက်ဦးမြို့မရဲစခန်းသို့ ဗမာ ကျွန်းကျေးရွာအုပ်ချုပ်ရေးမှူးမှ လာရောက်တိုင်တန်းသဖြင့် ကျော်သူ(၃၅) နှစ်(ဖမ်းမိ)အား ဒိုက်ဦးမြို့မရဲစခန်း၌ (ပ)၇၃၉/၂၀၁၉၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၁၀၃(က)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Credit-အကုန်သိ