Now & Ever ကြည့်ပြီး ငိုနေတဲ့ အသည်းနုသူ ခင်ပွန်းကို ဆေးထိုးလိုက်တဲ့ မြတ်ရတနာကျော်
အရုပ်လေးလို ချစ်စရာကောင်းတဲ့ သမီးလေးကို ပိုင်ဆိုင်ထားတဲ့ Ah Boy နဲ့ မြတ်ရတနာကျော်တို့ ဇနီးမောင်နှံနှစ်ဦးကတော့ တစ်ဦးကိုတစ်ဦး အချစ်တွေ အပြည့်အဝပေးပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ဖန်တီးပုံဖော်ထားတာပါ။ လတ်တလောမှာတော့ မြတ်ရတနာကျော်က အသည်းနုလွန်းတဲ့ ခင်ပွန်းဖြစ်သူရဲ့ အားနည်းချက်ကို ချစ်စဖွယ်လေး လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ရုပ်ရှင်ကြည့်ပြီးတော့တောင် မျက်ရည်ကျခဲ့ရတဲ့ Ah Boy ကတော့ တကယ့်ကို အနုပညာရှင်ပီသပါတယ်နော်။
ချစ်ပရိသတ်တွေအတွက် Now and Ever ကြည့်ပြီး ကလေးတစ်ယောက်လို ငိုနေတဲ့ အသည်းနုသူ ခင်ပွန်းအကြောင်း ဖောက်သည်ချလိုက်တဲ့ မြတ်ရတနာကျော်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
မြတ်ရတနာကျော်ကတော့ “Now&Ever ကြည့်ပြီး ကိုယ်က ငိုရမလားအောက် မေ့တယ် ဘေးက အားကိုးစရာကိုယ့်ရဲ့ ယောကျာ်းက မျက်ဝန်းထဲမှာ မျက်ရည်တွေအပြည့် နဲ့ စီးကျလာတော့မယ့် အသည်းနုသူ ကိုကို အာဘွိုင်း အဖြစ်ကိုတွေ့လိုက်ရသောအခါ ……..😂🤣ကိုယ်ပဲဆက်ငိုရမလား ……သူ့ကိုပဲချော့ရမလား 🤨” ဆိုပြီး Now and Ever ကြည့်ပြီး ကလေးလိုငိုနေတဲ့ ခင်ပွန်းဖြစ်သူရဲ့အကြောင်းကို စစနောက်နောက်နဲ့ ပြောထားတာပါ။
မြတ်ရတနာကျော်ကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေကို နားထားပြီး ချစ်ရတဲ့ မိသားစုကို အချိန်အပြည့်အဝပေးဖြစ်နေတယ်လို့ သိရပါတယ်။Ah Boy ကတော့ လတ်တလောမှာ စီးပွားရေးကို ဦးစားပေးလုပ်နေဖြစ်ပြီး သီချင်းအသစ်တွေလည်း ထပ်လုပ်ဖို့ရှိတယ်လို့ သိရပါတယ်။ ချစ်ပရိသတ်တွေလည်း စစနောက်နောက်နဲ့ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတဲ့ Ah boy နဲ့ မြတ်ရတနာကျော်တို့ ဇနီးမောင်နှံနှစ်ဦးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Credit-မိုမိုလေး